International News

The 3rd China International Consumer Products Expo (CICPE) သို့ လာရောက် ကြည့်ရှုသူများ ယခင်နှစ်ထက်ပိုများ

Last Updated:

တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးဗျူရိုနှင့် ဟိုင်နန် ပြည်နယ်နိုင်ငံတကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဗျူရိုတို့မှ ပူးပေါင်း၍ တရုတ်နိုင်ငံ၊ ဟိုင်နန်ပြည်နယ်၊ Haikou တွင် The 3rd China International Consumer Products Expo (CICPE) ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့ရာ လာရောက်ကြည့်ရှုသူများဖြင့် စည်ကားခဲ့ကြောင်း ပွဲစီစဉ်သူ၏ ပြောကြားချက်အရ သိရှိရပါသည်။

ကုန်စည်ပြပွဲအတွင်း လာရောက်ကြည့်ရှုသူ ၃၂၀,၀၀၀ ကျော်ရှိပြီး ယမန်နှစ်က မှတ်ပုံတင်ခဲ့သည့် ၂၈၀,၀၀၀နှင့် နှိုင်းယှဉ်ပါက တိုးတက်လာကြောင်း သိရှိရပါသည်။ ကုန်စည်ပြပွဲတွင် နိုင်ငံနှင့် ဒေသပေါင်း (၆၅)ခုမှ ကုန်ပစ္စည်းအမှတ်တံဆိပ်ပေါင်း (၃၃၈၂)ခုကို ခင်းကျင်းပြသခဲ့ပြီး ပြည်ပမှဝယ်သူ ၂၀၀၀ ကျော် လာရောက်ကာ စီးပွားရေးအခွင့်အလမ်းများကို ရှာဖွေခဲ့ကြကြောင်း သိရှိရပါသည်။

"အခွင့်အလမ်းများကို မျှဝေပါ၊ ပိုမိုကောင်းမွန်သောဘဝနေထိုင်မှုကို ပူးပေါင်းဖန်တီးပါ" ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် CICPE သည် တရုတ်နိုင်ငံအနေဖြင့် COVID-19 တုံ့ပြန်မှုကို အကောင်းဆုံးလုပ်ဆောင်ပြီးနောက် ပထမဆုံးနိုင်ငံတကာကုန်စည်ပြပွဲကြီးဖြစ်ကြောင်း သိရှိရပါသည်။

၂၀၁၃ ခုနှစ်မှ ၂၀၂၁ ခုနှစ် ကာလအတွင်းတွင် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အကြီးမားဆုံးပံ့ပိုးကူညီသူအဖြစ် ရပ်တည်နေခဲ့ပြီး စီးပွားရေးတိုးတက်မှုအတွက် စားသုံးမှုသည် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေကြောင်း၊ ထို့ကြောင့် CICPE သည် ကုန်သွယ်မှုကို ချဲ့ထွင်ရန်၊ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေရန်နှင့် နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် ပလက်ဖောင်းတစ်ခုဖြစ်ကြောင်းသိရှိရပါသည်။

တရားဝင်အချက်အလက်များအရ ၂၀၂၁ ခုနှစ်တွင် စားသုံးမှုသည် တရုတ်နိုင်ငံ၏ GDP တိုးတက် မှုတွင် ၆၅.၄ ရာခိုင်နှုန်းပါဝင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်တို့ကို ကျော်လွန်ကာ တိုးတက်မှုအတွက် အကြီးဆုံးတွန်းအားဖြစ်ခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ မူဝါဒချမှတ်သူများက အစီရင်ခံစာနှင့် အစည်းအဝေးများတွင် စားသုံးမှုကို အလေးထားဖော်ပြလျက်ရှိကြောင်း၊ သာဓကအနေဖြင့် ယခုနှစ် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် တရုတ်နိုင်ငံအနေဖြင့် စီးပွားရေးပြန်လည်ကောင်းမွန်လာစေရေးနှင့် စားသုံးမှုတိုးချဲ့ရေးကို ဦးစားပေးဆောင်ရွက်ရန် သန္နိဋ္ဌာန်ချထားမှုကို ထပ်မံအတည်ပြုခဲ့ကြောင်း သိရှိရပါသည်။

ကြီးမားသောအခွင့်အလမ်းများနှင့် စားသုံးမှုမြှင့်တင်ရေးကို အထောက်အကူပြုသည့် မူဝါဒများကြောင့် ကမ္ဘာ့ဒုတိယအကြီးဆုံးစားသုံးသူစျေးကွက်ဖြစ်သည့် တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး လုပ်ငန်းများအတွက် လက်မလွှတ်နိုင်သော ဆွဲဆောင်မှုကို ရရှိထားကြောင်း သိရှိရသည်။

ထို့ကြောင့် CICPE ကုန်စည်ပြပွဲသည် မိမိတို့၏ ကုန်အမှတ်တံဆိပ်ကို တရုတ်စားသုံးသူများအား မိတ်ဆက်ပြသရန်နှင့် စီးပွားရေးလုပ်ငန်းများနှင့် တရုတ်ဈေးကွက်ကြား ပိုမိုနီးကပ်သော ဆက်ဆံရေးကို ထူထောင်ရန် အကောင်းဆုံးအခွင့်အရေးဖြစ်ကြောင်း Burberry China ၏ ဥက္ကဋ္ဌ Josie Zhang က ပြောကြားခဲ့ကြောင်း သိရှိရသည်။

အဆိုပါလူသုံးကုန်ပစ္စည်းပြပွဲတွင် ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနှင့် ထိုင်းနိုင်ငံတို့ကဲ့သို့ သော ဒေသတွင်းဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှု (RCEP) အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းများမှလည်း အမွှေးနံ့သာ၊ အလှကုန်၊ အစားအစာနှင့် ကျန်းမာရေး ထုတ်ကုန်များကဲ့သို့သော အရေးကြီးသော စားသုံးသူကဏ္ဍများမှ ပါဝင်ပြသခဲ့ကြကြောင်းသိရှိရပါသည်။

                 မလေးရှားနိုင်ငံတွင် ထုတ်လုပ်သည့် ငှက်သိုက်စားသောက်ကုန်များ ပြသထားပုံ (၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့)

ကုန်စည်ပြပွဲကို တက်ရောက်ခြင်းဖြင့် RCEP အဖွဲ့ဝင်နိုင်ငံများမှ စီးပွားရေးလုပ်ငန်းများသည် ၎င်းတို့၏ အမှတ်တံဆိပ်ကို မြှင့်တင်ရန် အခွင့်အလမ်းများသာမက ကုန်စည်ပြပွဲ၏ ကြီးမားကျယ်ပြန့်သည့် အကျိုးသက်ရောက်မှုနှင့် ဟိုင်နန်၏ အခွန်ကင်းလွတ်ခွင့်မူဝါဒများကို အသုံးချကာ ကြီးမားသည့် တရုတ်စားသုံးသူဈေးကွက်သို့ ဝင်ရောက်ရန် အခွင့်အလမ်းများပါရရှိခဲ့ကြောင်း သိရှိရပါသည်။

 

Source: https://english.news.cn/20230415/8e530ab7b9564c6d9ac9e22d4affdb5a/c.html

            https://english.news.cn/20230413/577ca715e7b0479187f82f0a10cbacab/c.html

            https://www.chinadaily.com.cn/a/202304/13/WS6437c29aa31057c47ebb9f8f.html

(စီးပွားရေးသံမှူး၊နန်နင်း)

 

Category: International News