International News

တရုတ်နိုင်ငံသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် သကြားထွက်ရှိမှု ခန့်မှန်းချက်ကို ပြန်လည်ပြင်ဆင်ခဲ့

Last Updated:

တရုတ်နိုင်ငံ၏ သကြားထွက်ရှိမှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် စက်တင်ဘာလအထိ တန်ချိန် ၉ သန်းအထိ ရှိမည်ဟု မျှော်မှန်း ထားကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၏ အစီရင်ခံစာအရသိရသည်။

အဆိုပါဝန်ကြီးဌာန၏ Chinese Agriculture Outlook Committee အောက်ရှိ တရုတ်နိုင်ငံ စိုက်ပျိုးရေးရောင်းလိုအားနှင့် ဝယ်လိုအား ခန့်မှန်းချက်များအရ သကြားထွက်ရှိမှုသည် ပြီးခဲ့သည့်လက ခန့်မှန်းထားသည်ထက် တန်ချိန် ၃၃၀,၀၀၀ ကျဆင်းခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ သကြားအဓိကထုတ်လုပ်ရာဒေသဖြစ်သည့် တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကြံအထွက်နှုန်း ကျဆင်းသွားခြင်းကြောင့် လစဉ်ဆန်းစစ်မှု အစီရင်ခံစာတွင် ပြန်လည်ပြင်ဆင်ခြင်းဖြစ်သည်ဟု ယူဆကြောင်း သိရှိရသည်။

ပြည်တွင်း၌ သကြားတစ်တန်ဈေးနှုန်းမှာလည်း ယခုနှစ်မတ်လတွင် ခန့်မှန်းခဲ့သည့် ယွမ် ၅,၆၅၀ - ၆,၂၀၀ ယွမ်မှ ယွမ် ၅,၉၅၀ (အမေရိကန် ဒေါ်လာ ၈၆၃.၈ ခန့်) - ၆,၅၅၀ ယွမ်အထိ မြင့်တက်လာမည်ဟု အစီရင်ခံစာ၌ ဖော်ပြထားကြောင်း သိရှိရသည်။

သကြားထုတ်လုပ်မှုမှ ပြည်တွင်းသကြားဈေးကွက်အပေါ် အကျိုးသက်ရောက်မှုနှင့် နိုင်ငံတကာဈေးကွက်သို့ တင်ပို့မှုအခြေအနေတို့ကို ထင်ဟပ် လျက်ရှိကြောင်း သိရှိရသည်။

Source: https://english.news.cn/20230415/6f052d0d30564fa19b33aa884886017a/c.html

စီးပွားရေးသံမှူး၊နန်နင်း

Category: International News