Local News

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ် ၊ ဧြပီလ (၈) ရက် နေ့မှ (၁၄) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှု ယခင်နှစ် ကာလတူထက် ပိုမိုဆောင်ရွက်နိုင်

Last Updated:

ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ လုပ်ငန်း ဆောင်ရွက်မှုမှာ ပို့ကုန်(၃.၂၃၄) ဒေါ်လာသန်း၊ သွင်းကုန်(၉.၃၆၉)ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁၂.၆၀၃) ဒေါ်လာသန်းဖြစ်ပြီး ယခင်နှစ်ကာလတူ ၂၀၂၂ ခုနှစ်၊ ဧပြီလ(၈) ရက်နေ့မှ (၁၄) ရက်နေ့အထိ လုပ်ငန်းဆောင်ရွက်မှုမှာ ပို့ကုန်(၀.၉၃၇)ဒေါ်လာသန်း၊ သွင်းကုန် (၄.၁၄၀) ဒေါ်လာသန်း၊ ကုန်သွယ်မှု ပမာဏ (၅.၀၇၇)ဒေါ်လာသန်းဖြစ်၍ ယခင်နှစ်ကာလတူအပေါ် ပို့ကုန်(၂.၂၉၇)‌ဒေါ်လာသန်းပိုမိုခဲ့ပြီး သွင်းကုန်တွင်(၅.၂၂၉)ဒေါ်လာသန်းပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏအနေဖြင့် (၇.၅၂၆) ဒေါ်လာသန်း ပိုမိုဆောင်ရွက်နိုင်ခဲ့သည်။

          ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ပို့ကုန်ပိုင်းတွင် ဆန်ကွဲ၊ ပြောင်း၊ ပဲတီစိမ်း၊ ထောပတ်ပဲ၊ ပဲယင်း၊ မြေပဲဆံ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ချင်း(စို)၊ ရော်ဘာကြမ်း၊ ငရုတ်သီး(အစို)၊ ဝဥခြောက်၊ ကြက်သွန်နီနှင့် ဝါတို့ တင်ပို့မှုပိုမိုခဲ့ပြီး သွင်းကုန်ပိုင်းတွင် ရင်းနှီးမြှုပ်နှံမှုအုပ်စု၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုနှင့် လူသုံးကုန်အုပ်စုတို့ ပိုမိုခဲ့သောကြောင့် ကုန်သွယ်မှုပမာဏ ပိုမိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 source: https://www.commerce.gov.mm

Category: Local News