Local News

မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုအတွက် လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့မှု (၁၆-၄-၂၀၂၃)

Last Updated:

ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားခြင်းများကို Tradenet 2.0 System တွင် Online ဖြင့် လျှောက်ထားနိုင်သည့်အပြင် ကုန်သွယ်ရေးစခန်းများတွင်လည်း လာရောက်လျှောက်ထားပါက ခွင့်ပြုပေး လျက်ရှိသည်။ (၁၆-၄-၂၀၂၃)ရက်နေ့တွင် လာရောက်လျှောက်ထားမှုများမှ သွင်းကုန်လိုင်စင် (၃) စောင် (၀.၈၆၆)ယွမ်သန်းတန်ဖိုးရှိသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတို့ကို ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့မှ (၁၆)ရက်နေ့ထိပို့ကုန်လိုင်စင်(-)စောင်နှင့် သွင်းကုန်လိုင်စင် (၆၆၉)စောင်ခွင့်ပြု ထုတ်ပေးခဲ့သည်။ (၁၆-၄-၂၀၂၃)ရက်နေ့တွင် အများဆုံးပို့ကုန်ပစ္စည်းများမှာ ငရုတ်သီးခြောက်၊ ကဏန်း၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်သီးအစို၊ ပဲတီစိမ်း၊ ပုစွန်ဖွဲ၊ ဇီးဆံ၊ ကြက်သွန်နီ၊ သရက်သီးတို့ဖြစ်ပြီး အများဆုံး သွင်းကုန်ပစ္စည်းများမှာ လိမေ္မာ်သီး၊ မြေတူးစက်၊ မီးသက်ဆေးဗူး၊ ဘတ္ထရီ၊ မော်တော်ဆိုင်ကယ်ကျွတ်၊ စက်ဘီး၊ ပိတ်လိပ်၊ လျှပ်စစ်လေမှုတ်စက်၊ ပန်းသစ်တော်သီးတို့ဖြစ်သည်။

          မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တင်ပို့သည့် ပို့ကုန်ပစ္စည်းများမှ တစ်ဘက်နိုင်ငံသို့ တင်ပို့ ရောင်းချရာတွင် အကောက်ခွန်သက်သာခွင့်အတွက် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား ထုတ်ပေးသော ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် Form E ကို တင်ပို့သူမှ တောင်းခံလာပါက စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စိစစ်ခွင့်ပြုပေးလျက်ရှိသည်။ (၁၆-၄-၂၀၂၃)ရက်နေ့တွင် Form E ထုတ်ပေးမှုမှာ (၅) စောင်ဖြစ်ပြီး ကဏန်း (၃)စောင်၊ ပုစွန်ဖွဲ(၁)စောင်၊ ငါးရှဉ့်(၁)စောင်တို့အား ခွင့်ပြုထုတ်ပေးခဲ့ပြီး ၂၀၂၃ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှ (၁၆)ရက်နေ့အထိ Form E (၃၁၉)စောင်ထုတ်ပေးခဲ့သည်။

          (၁၆-၄-၂၀၂၃) ရက်နေ့တွင် ပို့ကုန်ယာဉ်စီးရေ (၄၉)စီး၊ သွင်းကုန်ယာဉ်စီးရေ (၅၃)စီး၊ စုစုပေါင်း (၁၀၂) စီး ကုန်သွယ်မှုဆောင်ရွက်ခဲ့ပြီး ယခုရက်ပိုင်းတွင် ငရုတ်သီးခြောက်၊ ကဏန်း၊ သခွားမွှေး၊ ဖရဲသီး၊ ငရုတ်သီးအစို၊ ပဲတီစိမ်း၊ ပုစွန်ဖွဲ၊ ဆီးဆံ၊ ကြက်သွန်နီ၊ သရက်သီးအစရှိသည့် ပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိသည်။ (၁-၄-၂၀၂၃မှ၁၆-၄-၂၀၂၃) ရက်နေ့အထိ ပို့ကုန်ယာဉ်စီးရေ(၂၁၃၅)စီး၊ သွင်းကုန် ယာဉ်စီးရေ (၂၀၀၀)စီးကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

          မြန်မာ-တရုတ် နယ်စပ်ဒေသကုန်သွယ်မှုများအတွက် ငွေပေးချေမှုကိုယွမ်ငွေကြေး၊ ဒေါ်လာငွေ ကြေးများဖြင့် ဆောင်ရွက်လျက်ရှိသည်။ ပဲ၊ ပြောင်း၊ နှမ်း၊ မြေပဲဆံတို့ကိုဒေါ်လာငွေကြေးအပြင် ယွမ်ငွေကြေးဖြင့်ပါ ဆောင်ရွက်ခွင့်ပြုပြီး ဆန်၊ ဆန်ကွဲ၊ အခြားလယ်ယာထွက်ကုန်ပစ္စည်းများနှင့် ရေထွက် ပစ္စည်းဖြစ်သည့် ကဏန်း၊ ငါးရှဉ့်တို့ကို ယွမ်ငွေကြေးဖြင့် ခွင့်ပြုဆောင်ရွက်လျက်ရှိသည်။

          မူဆယ်ဒေသမှ အများဆုံးတင်ပို့သည့် ပဲတီစိမ်းဈေးနှုန်းမှာ(၁)တန်လျှင် (၅၂၀၀-၅၉၀၀) ယွမ်၊ ပြောင်းဖူးစေ့ (၁)တန်လျှင် (၂၃၈၀-၂၄၈၀)ယွမ်၊ နှမ်းနက် (၁)တန်လျှင် (၁၁၅၀၀-၁၂၀၀၀)ယွမ်၊ မြေပဲဆံ (၁)တန်လျှင် (၉၅၀၀-၉၇၀၀ )ယွမ်၊ ဆန် (ဧည့်မထ)၂၅% (၁ )တန်လျှင် (၂၂၈၀ )ယွမ်၊ ဆန်ကွဲ (A 1-2) (၁)တန်လျှင် (၂၅၂၀)ယွမ်၊ ရော်ဘာRSS-3(၁)တန်လျှင် (၇၀၀၀-၇၅၀၀)ယွမ် ဈေးနှုန်းဖြင့် အရောင်းအဝယ် ပြုလုပ်နေကြောင်းသိရှိရသည်။

          ပို့ကုန်လုပ်ငန်းဆောင်ရွက်သည့် လုပ်ငန်းရှင်များအနေဖြင့် မိမိတင်ပို့ခဲ့သည့်ပစ္စည်းများ၏ တန်ဖိုးအတိုင်း တစ်ဖက်နိုင်ငံဝယ်ယူသည့် ကုန်ဝယ်သူမှပေးချေသည့် ကုန်ဖိုးငွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ညွှန်ကြားချက်အတိုင်းဘဏ်စနစ်ဖြင့် ပို့ကုန်ရငွေများဝင်ရောက်နိုင်ရေးဆောင်ရွက်ရန် လိုအပ်ပါကြောင်းအသိပေးအပ်သည်။

source: https://www.commerce.gov.mm

Category: Local News