Local News

လွယ်ဂျယ်နှင့် ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု များရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ဧပြီလ၈ရက်မှ၁၄ ရက်နေ့များအတွင်း တင်ပို့ခဲ့သော ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုး မှာ ၆၈၅၉၅၉၈.၈၁ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပြီး၊ သွင်းကုန်၏ စုစုပေါင်းငွေပမာဏ တန်ဖိုးမှာ ၆၇၄၅၃၆.၆၆ ကန်ဒေါ်လာ တင်သွင်းမှုရှိခဲ့ပါသည်။

တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ဖရဲသီး၊ဆန်ကွဲ၊ မြေထောက်ပဲ၊ပဲကြီး၊ နှမ်းညို၊ မြေပဲဆံ၊ ပဲတီစိမ်း၊ ကြံနှင့်ရွှေဖရုံသီးများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံ သို့ တင်ပို့ကုန်၏ငွေပမာဏသည် ၁၈၅၇၃၄၅.၈၁ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုင်တီနယ်စပ်ကုန်သွယ်‌ရေး စခန်းမှတရုတ်နိုင်ငံသို့တင်ပို့ကုန်၏‌ငွေပမာဏတန်ဖိုးမှာ၅၀၀၂၂၅၃.၀၀ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ၊ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊စက်နှင့် စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ချည်ထည်များ၊ကုန်ထုတ်စက္ကူများ၊သားရေ/သားရေတုဖြင့်ပြုလုပ်သော ပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ အခြားစက္ကူများ၊သံပိုက်၊ ဖန်ခွက်နှင့် မြက်ခင်းတုများတင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန် ၏ ငွေပမာဏမှာ ကန်ဒေါ်လာ၁၁၈၅၁၅.၀၀တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံ သို့ အမှန်တင်သွင်းကုန်၏ငွေပမာဏတန်ဖိုးမှာ ကန်ဒေါ်လာ ၅၅၆၀၂၁.၆၆တင်သွင်းမှုရှိခဲ့ပါသည်။

မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၅ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၇.၆၉ ကျပ်ရှိကြောင်းသိရှိရပါသည်။

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News