Local News

ကချင်ပြည်နယ်၏ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုတစ်ပတ်အတွင်းနှိုင်းယှဉ်မှု

Last Updated:

ကချင်ပြည်နယ်တွင်လွယ်ဂျယ်နှင့်ကန်ပိုင်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှု များရှိခဲ့ရာ ၂၀၂၃ ခုနှစ်၊ဧပြီလ ၈ ရက်မှ ၁၄ရက်နေ့ အတွင်း ကန်ပိုင်တီနယ်စပ်ကုန်သွယ်‌ရေးစခန်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများအနေဖြင့် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ဆန်ကွဲ၊ မြေထောက်ပဲ၊ပဲကြီး၊ နှမ်းညို၊ မြေပဲဆံ၊ ပဲတီစိမ်း၊ ကြံနှင့် ရွှေဖရုံသီးများတင်ပို့ခဲ့ပြီး ပို့ကုန်၏ငွေပမာဏမှာ ၆၈၅၉၅၉၈.၈၁ကန်ဒေါ်လာတင်ပို့ခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ဧပြီလ ၁ ရက်မှ ၇ ရက်နေ့ထိ တင်ပို့ကုန်၏ ငွေပမာဏ ၁၁၂၉၃၀၄၉.၇၃ ကန်ဒေါ်လာနှင့် ကာလတူတင်ပို့ကုန်၏ ငွေပမာဏနှိုင်းယှဉ်ပါက ၄၄၃၃၄၅၀.၉၂ ကန်ဒေါ်လာ  တန်ဖိုးလျော့နည်း၍တင်ပို့မှုရှိခဲ့သည်ကိုတွေ့ရပါသည်။

 သွင်းကုန်ပစ္စည်းများအနေဖြင့် ၂၀၂၃ ခုနှစ်၊ဧပြီလ ၈ ရက်မှ ၁၄ရက်နေ့အတွင်း သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ ချည်ထည်များ၊ကုန်ထုတ်စက္ကူများ၊ သားရေ/သားရေတုဖြင့်ပြုလုပ်သောပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ မော်တော်ဆိုင်ကယ် အပိုပစ္စည်းများ၊ အခြားစက္ကူများ၊ သံပိုက်၊ ဖန်ခွက်နှင့် မြက်ခင်းတုများတင်သွင်းခဲ့ပြီး သွင်းကုန်၏ ငွေပမာဏတန်ဖိုးမှာ ၆၇၄၅၃၆.၆၆ကန်ဒေါ်လာတင်သွင်းခဲ့ရာ ယခင်အပတ် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁ ရက်မှ ၇ရက်နေ့ထိ တင်သွင်းကုန်၏ငွေပမာဏ ၁၀၂၁၆၀၅.၁ကန်ဒေါ်လာနှင့် ကာလတူတင်သွင်းကုန်၏ ငွေပမာဏ နှိုင်းယှဉ်ပါက ၃၄၇၀၆၈.၄၄ကန်ဒေါ်လာတန်ဖိုးလျော့နည်း၍တင်သွင်းခဲ့သည်ကိုတွေ့ရပါသည်။

   တင်ပို့ကုန်နှင့်တင်သွင်းကုန်တို့၏ငွေပမာဏများအားနှိုင်းယှဉ်ကြည့်ရာ တင်ပို့ကုန်၏ငွေပမာဏမှာ ၆၁၈၅၀၆၂.၁၅ ကန်ဒေါ်လာပိုမိုပြီးကုန်သွယ်မှုပြုနိုင်ခဲ့ကြောင်း ကုန်သွယ်မှုစာရင်းများအရတွေ့ရပါသည်။ငွေလဲနှုန်းများမှာ မြန်မာငွေ ကျပ် ၁၀၀ လျှင် တရုတ်ယွမ် ၀.၃၂၅ယွမ် ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၇.၆၉ကျပ် ရှိကြောင်းသိရှိရပါသည်။

                                                                                           မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News