Local News

ကြက်သွန်နီဈေးကွက်အခြေအနေ

Last Updated:

      စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာပွဲရုံသို့ ကြက်သွန်နီများနေ့စဉ် ပိဿာချိန် ၁၂၀၀၀ ခန့် ဝင်ရောက်လျှက်ရှိပါသည်။ ပွဲရုံသို့ဝင်ရောက်လာသော ကြက်သွန်နီများဒေသတွင်း အဆွဲများရှိခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် ချင်းတွင်းအထက်မြစ်ရိုးတစ်လျှောက် တင်ပို့လျှက်ရှိကြောင်းသိရသည်။

     ယခုအပတ်အတွင်း မုံရွာပွဲရုံများတွင် ဝင်ရောက်လျက်ရှိသော ကြက်သွန်နီ တစ်ပိဿာ လက်ကားဈေးနှုန်းများမှာ(ကြီး) (၁၂၅၀-၁၁၀၀)ကျပ်၊ (လတ်) (၁၀၀၀-၈၅၀)ကျပ်၊ (သေး) (၈၀၀-၇၀၀)ကျပ်၊ အသေးဆုံးအစမှာ (၄၀၀-၅၀၀)ကျပ်နှုန်းနှင့် အလုံးဆိုက်၊ အစိုအခြောက် အရောင်း အသွေးပေါ်မူတည်၍  ဈေးနှုန်းကွာခြားမှုများရှိပါသည်။ လက်လီ တစ်ပိဿာဈေးနှုန်းများမှာ(ကြီး) (၁၈၀၀-၁၆၀၀)ကျပ်၊ (လတ်) (၁၅၀၀-၁၄၀၀)ကျပ်၊ (သေး) (၁၂၀၀-၈၀၀) ကျပ်ရှိပါသည်။ ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဈေးအနည်းငယ် ကျဆင်းလာကြောင်း သိရပါသည်။ ကြက်သွန်ဖြူလက်လီ တစ်ပိဿာဈေးနှုန်းမှာ (ဗမာ) (၅၀၀၀-၅၅၀၀)ကျပ်၊ (ရှမ်းစ) (၄၀၀၀-၄၅၀၀)ကျပ်၊ ကြူကုတ် (၄၈၀၀-၅၅၀၀)ကျပ်ဖြင့် ပစ္စည်းအရည်အသွေးပေါ် မူတည်ပြီး အသီးသီးအရောင်းအဝယ် ဖြစ်နေကြောင်းသိရသည်။

 

                                                                                                                                                      ဇေယျာကုန်သွယ်မှုဗဟိုဌာန

Category: Local News