Local News

စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိင်ငံသို့ကုန်သွယ်မှုအခြေအနေ

Last Updated:

   ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ (၁၁-၂-၂၀၂၃) မှ (၁၇-၂-၂၀၂၃)အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်းဖတ်၊ မန်ကျည်းစေ့၊ ဇီးဖတ်၊ ချင်း(အစို)၊ ဇီးသီးခြောက်၊ အုန်းသီး၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ တံမျက်စည်းကြမ်းနှင့် ဇီးယိုထုပ်တို့တင်ပို့ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၉၆၀၇၄ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

    ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်မှ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန် အနေဖြင့် မန်ကျည်းစေ့ တန်ချိန် ၃၆၃ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ မန်ကျည်းစေ့ တန်ချိန် ၇၆၈ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် မန်ကျည်းစေ့ တန်ချိန်တင်ပို့နိုင်မှု လျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် မန်ကျည်းစေ့ တင်ပို့နိုင်မှုငွေပမာဏမှာ ၁၉၉၆၅ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

 

                                                                                                                                                            နီလာ

                                                                                                                                          သဇင်မြေကုန်သွယ်မှုဗဟိုဌာန

Category: Local News