Local News

မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုအခြေအနေ

Last Updated:

     မြဝတီကုန်သွယ်ရေးဇုန်မှတစ်ဖက်နိုင်ငံသို့ပို့ကုန်တင်ပို့မှုအနေဖြင့်(၁၅-၂-၂၀၂၃)ရက်နေ့မှ(၁၈-၂-၂၀၂၃) ရက်နေ့ထိ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် CMP ပစ္စည်းများ တင်ပို့မှုရှိသည်။

     လယ်ယာထွက်ကုန်ပစ္စည်းများမှာ ကွမ်းရွက်၊ နှမ်း၊ ပီလောပီနံ၊ ငရုတ်၊ ဂေါ်ဖီထုပ်၊ ဆန်ကွဲ၊ ကြက်သွန်နီ၊ ဆန်မှုန့်၊ မန်ကျည်းသီး၊ နနွင်း၊ ပြောင်း၊ မြေပဲနှင့် ရော်ဘာတို့ဖြစ်ပါသည်။ ရေထွက်ကုန်ပစ္စည်းများမှာ ဂုံး၊ ခရု၊ ငါးတီး၊ ပုဇွန်၊ ငါးရှဉ့်၊ ငါးခွေးလျှာ၊ ကဏန်း၊ ငါးဓါးလွယ်၊ အုန်းငါးမုတ်၊ ကျောက်ငါး၊ ငါးသလောက်၊ ကကူယံ၊ ငါးပါးနီ၊ တိရစ္ဆာန်အစာပြုလုပ်ရန် ငါးမှုန့်တို့ဖြစ်ပြီး CMP တင်ပို့မှုမှာ အမျိုးသား/အမျိုးသမီးဝတ် အထည်အလိပ် များ တင်ပို့လျက်ရှိသည်။

        အများပို့ကုန်ပစ္စည်းများအနေဖြင့် ပြောင်းစေ့၊ CMP ၊ ပီလောပီနံ၊ ရေထွက်ပစ္စည်း၊ ဆန်ကွဲ၊ ရော်ဘာ၊ Transformer ၊ ကြက်သွန်နီ၊ ငရုတ်၊ ဆန်မှုန့်၊ စတီး(ငြမ်းစင်)၊ မြေပဲ၊ ဂေါ်ဖီထုပ်၊ မန်ကျည်းသီး၊ ဖြတ်စ (အလူမီနီယံဗူးခွံ)၊ အပူချိန်တိုင်းကိရိယာ၊ ပီနံအိတ်၊ ကွမ်းရွက်၊ စက်ဘီးနှင့် စက်ဘီးအပိုပစ္စည်း၊ Temperature Sensor ၊ ငါးဖမ်းပိုက် နှင့် အခြားပစ္စည်းတို့ဖြစ်သည်။ ယခုအခါ ထိုင်းနိုင်ငံမှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင် ခြင်းကြောင့် စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ အသုံးပြုလာခြင်းနှင့် စားသောက်ဆိုင်များတွင် အသုံးပြုရန်လိုအပ်ခြင်းကြောင့် ဝယ်လိုအား မြင့်တက်နေ၍ ယခင်နှစ်ကထက် ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်။

   အများဆုံးပို့ကုန်ပစ္စည်းများဖြစ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန် နီ၊ ငရုတ်၊ ဂေါ်ဖီထုပ်တို့ကို အမြန်တင်ပို့ နိုင်ရေးအတွက် ကုန်သွယ်ရေးဇုန်မှအချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိသည်။

      သွင်းကုန်တင်သွင်းမှုအနေဖြင့် တိရစ္ဆာန်အစာ၊ စက်ဘီး၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ အဝတ်အထည်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ သစ်သီး၊ Garment ၊ အိမ်သုံးပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်ဆီ/ ချောဆီ၊ စက်ပစ္စည်းကိရိယာများ၊ ဆေး၊ Packing Materials၊ သုတ်ဆေး၊ လူသုံးကုန်ပစ္စည်း၊ ကုန်ကြမ်းပစ္စည်း၊ အသုံး ပြုပြီးစက်လှေကား၊ အားကစားပစ္စည်း၊ လယ်ထွန်စက်အပိုပစ္စည်းနှင့် ငါးဖမ်းပစ္စည်းကိရိယာများတို့ တင်သွင်းလျက်ရှိသည်။

        အများဆုံးသွင်းကုန်ပစ္စည်းများမှာ စားသောက်ကုန်၊ စက်ရုံသုံးပစ္စည်း၊ စက်မှုကုန်ကြမ်းပစ္စည်း၊ လယ်ယာသုံးပစ္စည်း၊ ယာဉ်/ယန္တရားအပိုပစ္စည်း၊ အိမ်သုံးပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စာရေးကိရိယာ၊ လျှပ်စစ်ပစ္စည်း၊ ဆိုင်ကယ်အပိုပစ္စည်း၊ ထုပ်ပိုးပစ္စည်း၊ အလှကုန်ပစ္စည်း၊ ဆေး၊ တိရစ္ဆာန်အရှင်၊ Garment ၊ ဖိနပ်နှင့် ဖိနပ်ကုန်ကြမ်းပစ္စည်း၊ အဝတ်အထည်၊ ကားအပိုပစ္စည်း၊ သုတ်ဆေး၊ တိရစ္ဆာန်အစာ၊ စက်ဘီး၊ သစ်သီး၊ စက်နှင့်စက်ပစ္စည်း၊ LPG ၊ ငါးမျှားတံနှင့် အခြားကုန်ပစ္စည်းတို့ဖြစ်သည်။

     (၅-၁-၂၀၂၃)ရက်နေ့မှစ၍ မြဝတီကုန်သွယ်မှုလမ်းကြောင်းများ ပုံမှန်ဖြစ်ပေါ်လာပြီး ပို့ကုန်၊ သွင်းကုန် လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်လျက် ရှိပါသည်။ ယခုအခါ ပြောင်းဆံများ တိုးမြှင့်တင်ပို့လာနိုင်ခြင်းနှင့် တရုတ်နှစ်သစ်ကူးနောက်ပိုင်း တစ်ဖက်နိုင်ငံမှ လုပ်ငန်းများတိုးမြှင့် ဆောင်ရွက် လာခြင်းတို့ကြောင့် ဘတ်စျေးများ တဖြည်းဖြည်း ကျဆင်းလျက်ရှိသည်။

  ငွေစျေးနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင်(၈၅.၄၇)ကျပ်ထိရှိခဲ့ပြီး ယခုအပတ်တွင် (၈၄.၀၃) ကျပ်ခန့်အထိရှိရာ ဘတ်စျေးအနည်းငယ် ပြန်ကျလာသဖြင့် သွင်းကုန်များ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရှိရသည်။

https://www.commerce.gov.mm

Category: Local News