Local News

ဘင်္ဂလားဒေ့ရှ်အစိုးရသည် e-commerce ပလပ်ဖောင်းများတွင်း လိမ်လည်မှုများကို တိုင်ကြားရန်နှင့် ​ဖြေရှင်းချက်များ စတင်ဆောင်ရွက်ပြီးဖြစ်ကြောင်း ​ကြေငြာချက်ထုတ်ပြန်

Last Updated:

     ဘင်္ဂလားဒေ့်ရှ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် စားသုံးသူအခွင့်အရေးများကို ကာကွယ်ရန်နှင့် e-commerce တွင် လိမ်လည်မှုများကိုကာကွယ်ရန် Central Complaint Management System (CCMS) ကို ဖေဖော်ဝါရီလ ၁၉ရက်နေ့(တနင်္ဂနွေနေ့)တွင် စတင်မည် ဖြစ်ကြောင်း အဆိုပါနေ့ထုတ် Dhaka Tribune တွင် ဖော်ပြထားသည်။

     CCMS စနစ်သည် စားသုံးသူတစ်ဦးမှ  e-commerce နှင့်ပတ်သက်သည့် တရားဝင်တိုင်ကြားချက်မှန်သမျှကို အလွယ်တကူတင်ပြနိုင်ပြီး ဖြေရှင်းချက်ပေးနိုင်မည့် သက်ဆိုင်ရာကိုရှာဖွေနိုင်သည့် ဗဟိုပလက်ဖောင်းတစ်ခုဖြစ်ကြောင်းလည်း ရေးသားဖော်ပြထားသည်။

     အဆိုပါပလပ်ဖောင်းအား စားသုံးသူအကာအကွယ်ပေးရေးအာဏာပိုင်များ၊ e-commerce နှင့် ချိတ်ဆက်ဆောင်ရွက်သူများ၊ အချက်အလက်စနစ် များနှင့် ပုံမှန်လည်ပတ်မည့် စက်ပစ္စည်းများနှင့် အလိုအလျောက်ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်မှုများဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရေးသား ဖော်ပြထားသည်။

     ယခုအခါ ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် “Digital Bangladesh” မှ“Smart Bangladesh” သို့ လျင်မြန်စွာရွေ့လျားနေပြီး၊ နိုင်ငံသားများသည်လည်း e-commerce ၏ အကျိုးကျေးဇူးများကို ခံစားနေကြရပြီဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။ e-commerce ကဏ္ဍသည် များစွာကျယ်ပြန့် လာပြီး လိမ်လည်မှုများလည်း တိုးလာသည့်အတွက် ယင်းကိုကာကွယ်ရန် အားလုံးအတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးမှ ပြောကြားခဲ့သည်ကိုလည်း ရေးသားဖော်ပြထားသည်။

https://www.dhakatribune.com/business/

https://www.commerce.gov.mm

Category: Local News