Local News

၁၀ လကျော်ကာလအတွင်း ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၁ သိန်းတင်ပို့ထား

Last Updated:

     ၂၀၂၂ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်အထိ ပြည်ပသို့ ပင်လယ်ရေကြောင်းမှ ပြောင်းတန်ချိန် ၁၁ သိန်းတင်ပို့ထားကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောသည်။ “ကုန်သည်တွေအနေနဲ့ ပြောင်းကို လွတ်လွတ်လပ်လပ်တင်ပို့လို့ရပါတယ်။ သူက MOU ထိုးစရာမလိုဘူး။ ဝယ်တဲ့နိုင်ငံတွေကို တင်ပို့တာပေါ့။ အခုလည်း နိုင်ငံပေါင်း ၇၀ ကို ပဲ၊ ပြောင်း၊ နှမ်းတင်ပို့နေတာပါ”ဟု ၎င်းကဆိုသည်။

     နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် စိုက်ပျိုးထုတ်လုပ်သည့် ပြောင်းတန်ချိန်သည် ၂ ဒသမ ၃ သန်းနှင့် ၂  ဒသမ ၆ သန်းကြားထွက်ရှိပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေတစ်ဆင့် ထိုင်းနိုင်ငံသို့ မတ်လ ၁ ရက်မှစတင်ပြီး အခွန်ကင်းလွတ်ခွင့်ဖြင့် သြဂုတ်လ ၃၁ ရက်အထိ တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိ မြန်မာ့ပြောင်းကို ဒေသတွင်းနိုင်ငံများ၏ လိုအပ်ချက်ရှိမှုကြောင့် ဝယ်လိုအားရှိနေဆဲဖြစ်ပြီး ဈေးနှုန်းအတက်အကျသည် ဝယ်လိုအားနှင့်ရောင်းလိုအားအပေါ်သာ မူတည်ကြောင်း၊ အချို့နယ်စပ်မှ တင်ပို့ နေသည့်ကုန်သည်အချို့သည် ၆၅-၃၅ စနစ်ကြောင့် အဆင်မပြေမှုများရှိနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

Source: Popular News Journal

Category: Local News