Local News

မန္တလေးကုန်စည်ဒိုင်တွင် ကုလားပဲဈေးနှုန်းများ မျိုးသမားများဝယ်ယူမှုရှိ၍ ဈေးမြင့်တက်လာ

Last Updated:

အောက်တိုဘာလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပဲမျိုးစုံအရောင်း အဝယ်ဖြစ်လျှက်ရှိရာ ကုလားပဲမှာ ယခင်တစ်ပတ်ထက် ဈေးမြင့်လာသည်။ လက်ကျန်နည်းလာ၍ လှောင်လက်ကုန်သည် အရောင်းသမားများ ထုတ်ရောင်းသလောက်သာ စောင့်ဝယ်ယူနေရသည့် အခြေနေဖြစ်ခြင်း၊ ပဲခွဲစက်များမှ ပုံမှန်ဝယ်ယူမှုရှိခြင်း၊ မျိုးသမားများ ဝယ်ယူမှုရှိခြင်းတို့ကြောင့် ဈေးအနည်းငယ်မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ကုလားပဲဖြူလုံးကြီး(V-2) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၆၇၀၀၀ မှ ၂၆၈၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၆၅၀၀၀ ၊ ယခင်လ ကျပ် ၂၆၆၀၀၀ မှ ၂၆၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၂၀၀၀ မှ ၃၀၀၀ ၊ ယခင်လထက် ကျပ် ၁၀၀၀ မြင့်တက်လာသည်။

ကုလားပဲဖြူလုံးကြီး(V-7) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၇၇၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၇၃၀၀၀ မှ ၂၇၅၀၀၀၊ ယခင်လ ကျပ် ၂၈၂၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၂၀၀၀ မှ ၄၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက် ကျပ် ၅၀၀၀ နိမ့်ကျလာသည်။   

ကုလားပဲ (ထိုင်ဝမ်) ၅၇.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၂၅၇၀၀၀  မှ ၂၅၈၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ၊ယခင်လ ကျပ် ၂၅၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ် အတိုင်းဈေးငြိမ်နေပြီး ၊ယခင်လ ကျပ် ၂၀၀၀ မှ ၃၀၀၀ မြင့်တက်လာသည်။

ကုလားပဲ(929) ၅၆.၂၅ ပိဿာဝင်သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ်  ၂၆၄၀၀၀ မှ ၂၆၅၀၀၀၊ ယခင်တစ်ပတ် ကျပ် ၂၆၃၀၀၀ ၊ယခင်လ ကျပ် ၂၆၆၀၀၀ မှ ၂၆၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀ မှ ၂၀၀၀ မြင့်တက်လာပြီး ၊ ယခင်လထက် ကျပ် ၂၀၀၀ နိမ့်ကျလာသည်။

 

မြင့်မြင့်လှိုင်

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

 

                                                                               

Category: Local News