Local News

မန္တလေးကုန်စည်ဒိုင် ၏ ပဲဈေးနှုန်းဈေးကွက်အခြေအနေ

Last Updated:

အောက်တိုဘာလ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်တွင် ပို့ကုန်ပဲများ လက်ကျန်နည်းလာပြီး၊ အမြင့်ဈေးဖြင့်ဈေးငြိမ်နေကြောင်းသိရသည်။

မတ်ပဲ မှာ လက်ကျန်နည်းကာ ဈေးကွက်ထဲ အဝင်နည်းပေမဲ့ ပြည်ပအဝယ် လိုက်လာ သောကြောင့် ဈေးနှုန်းမြင့်တက်လာကြောင်း မန္တလေး ကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။ မတ်ပဲ ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၂၅၇၀၀၀ မှ ၂၅၈၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၂၅၂၀၀၀ မှ ၂၅၅၀၀၀၊ ယခင်လ ကျပ် ၂၃၅၀၀၀ မှ ၂၄၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ ၊ ယခင်လထက်ကျပ် ၁၃၀၀၀ မှ ၂၂၀၀၀ မြင့်တက်လာသည်။

ပဲတီစိမ်း (အညာ) မှာ ယခုတစ်ပတ် ဈေးအနည်းငယ်အေးနေပြီး၊ အရည်အသွေးနှင့်အစိုဓာတ် အပေါ်မူတည်၍ ရောင်းဝယ်နေကြခြင်းကြောင့် ဈေးအပြောင်းအလဲ ဖြစ်နေတာမို့  အများကြီး ကျဆင်းတာမျိုး မဟုတ်ပဲ ပုံမှန်ပေါက်ဈေးထက် အနည်းငယ် ကျခြင်းဖြစ်ကြောင်း၊ ပြည်ပ တင်ပို့မှုရှိကြောင်း မန္တလေး ကုန်စည်ဒိုင် ဈေးကွက်မှသိရသည်။ ပဲတီစိမ်း (အညာ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်တွင် ကျပ် ၁၅၅၀၀၀ မှ ၁၇၂၀၀၀ ၊ ယခင်တစ်ပတ် ကျပ် ၁၅၅၀၀၀ မှ ၁၇၃၀၀၀ ၊ ယခင်လ ကျပ် ၁၆၀၀၀၀ မှ ၁၇၅၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက် ကျပ် ၁၀၀၀ ၊ ယခင်လထက် ကျပ် ၃၀၀၀ မှ ၅၀၀၀ နိမ့်ကျလာသည်။

ပဲစင်းငုံ(နီ) ကတော့ ပြည်တွင်းလက်ကျန်နည်းလာသောကြောင့် အရောင်းအဝယ်အေးပြီး ဈေးကျဆင်းလာကြောင်းသိရသည်။ ပဲစင်းငုံ(နီ) ၆၀ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် တွင် ကျပ် ၃၈၀၀၀၀ မှ ၊ ယခင်တစ်ပတ် ကျပ် ၃၉၀၀၀၀ ၊ ယခင်လ ကျပ် ၃၇၅၀၀၀ မှ ၃၈၀၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်ထက်ကျပ် ၁၀၀၀၀ နိမ့်ကျလာပြီး ၊ ယခင်လထက် ကျပ် ၅၀၀၀ မြင့်တက်လာသည်။

 

   မြင့်မြင့်လှိုင်                                                                                     

မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News