Local News

ရခိုင်ပြည်နယ် စစ်တွေကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုသတင်း

Last Updated:

ရခိုင်ပြည်နယ်အတွင်းရှိ စစ်တွေကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  (၁၄-၁၀-၂၀၂၃) မှ (၂၀-၁၀-၂၀၂၃)အထိ အမှန်တင်ပို့ကုန် ပစ္စည်းများအနေဖြင့် မန်ကျည်း စေ့၊ ဇီးဖတ်၊ ကွမ်းသီး၊ အုန်းသီးခြောက်၊ ငါးမြစ်ချင်း၊ ငါးသိုင်းခေါင်းပွနှင့် ဇီးယိုထုပ်တို့တင်ပို့ ရာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၅၇၀၄၁၁ ဒဿမ ၁၉ ဒေါ်လာ တင်ပို့ခဲ့ကြောင်း သတင်း ရရှိပါသည်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်အနေဖြင့် ဇီးဖတ်တန်ချိန် ၅၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ဇီးဖတ်တန်ချိန် ၈၇ တန် တင်ပို့ခဲ့ပြီး ယခင်အပတ် ထက် ယခုအပတ်တွင် ဇီးဖတ်တန်ချိန် တင်ပို့နိုင်မှုလျော့နည်းသွားကြောင်း သိရပါသည်။ ယခုအပတ် ဇီးဖတ် တင်ပို့နိုင်မှုငွေပမာဏမှာ ၆၆၇၀ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၄ ရက်မှ ၂၀ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ပစ္စည်းအနေဖြင့် ငါးမြစ်ချင်းတန်ချိန် ၃၆၄ ဒဿမ ၈၄၈ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးမြစ်ချင်းတန်ချိန် ၁၈၆ ဒဿမ ၉၁၂ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးမြစ်ချင်းတန်ချိန် ပိုမို၍တင်ပို့ နိုင်ခဲ့ကြောင်းသိရပါသည်။ ယခုအပတ် ငါးမြစ်ချင်းတင်ပို့နိုင်မှုငွေပမာဏမှာ ၄၆၅၄၈၆ ဒဿမ ၀၈ ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

 

 

နီလာ

ပြည်နယ်ဦးစီးမှူး

                                                                                                      

                                                                                                                                                   

Category: Local News