၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရေထွက်ကုန်အနေဖြင့် ငါးမြစ်ချင်း တန်ချိန် ၂၆၂.၂ တန် တင်ပို့ခဲ့ပါသည်။ ယခင်အပတ်မှာ ငါးမြစ်ချင်း တန်ချိန် ၁၆၀.၈ တန် တင်ပို့ခဲ့ပြီး ယခင်အပတ်ထက် ယခုအပတ်တွင် ငါးမြစ်ချင်း တန်ချိန်ပိုမို၍ တင်ပို့နိုင်ခဲ့ကြောင်း သိရပါသည်။ ယခုအပတ် ငါးမြစ်ချင်း တင်ပို့နိုင်မှုငွေပမာဏမှာ ၃၄၁၇၀၄ ဒေါ်လာ တင်ပို့မှုရှိခဲ့ကြောင်း သတင်းရရှိပါသည်။
နီလာ
သဇင်မြေကုန်သွယ်မှုဗဟိုဌာန