International News

အင်ဒိုနီးရှားအစိုးရ သကြားတန်ချိန် ၂၁၅,၀၀၀ တင်သွင်းမည်

Last Updated:

       အင်ဒိုနီးရှားအစိုးရက သကြားတန်ချိန် ၂၁၅,၀၀၀ တင်သွင်းမည်ဖြစ်ကြောင်း အင်ဒိုနီးရှား အမျိုးသား စားနပ်ရိက္ခာအေဂျင်စီမှ ပြောကြားပါသည်။ ပြည်တွင်း ဖူလုံရေးနှင့် သကြားဈေးနှုန်း ဈေးမတက်အောင် ထိန်းထားနိုင်ရေးအတွက် အင်ဒိုနီးရှားအစိုးရသည် သကြားတန်ချိန် ၂၁၅,၀၀၀ တင်သွင်းမည်ဖြစ်သည်။

    အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ National Food Agency (NFA) အကြီးအကဲ Arief Prasetyo မှ ထုတ်ပြန်ချက်တွင် ပြည်ပမှ သကြားဝယ်ယူတင်သွင်းမှုကို နိုင်ငံပိုင်စားသောက်ကုန် လုပ်ငန်းများဖြစ်သည့် ID Food နှင့် ဦးပိုင်ကုမ္ပဏီ PTPN မှ ဆောင်ရွက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဒီဇင်ဘာလအတွင်း ပြည်တွင်းသကြားထုတ်လုပ်မှုသည် တန်ချိန် ၂.၆ သန်းအထိ ရှိမည်ဟု မျှော်လင့်ရပြီး အလားတူကာလတွင် ပြည်တွင်းလိုအပ်ချက်သည် တန်ချိန် ၃.၄ သန်းအထိ ရှိမည်ဟု ခန့်မှန်းထားကြောင်း Adi မှ ပြောကြားခဲ့သည်။

        “ဒါကြောင့် လိုနေတာကို ကာမိဖို့ ကျွန်တော်တို့ သကြားကို ပြည်ပမှ တင်သွင်းရပါမယ်" ဟု ၎င်းက ပြောကြားသည်။ အဆိုပါက ကုမ္ပဏီနှစ်ခုက ပြည်ပမှ သကြားများကို အသုတ်များခွဲပြီး တင်သွင်းမည်။ လိုအပ်သည့် သွင်းကုန်လိုင်စင်များကို သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ချပေးထားပြီးပြီ ဖြစ်ကြောင်း Adi က ပြောကြားသည်။

      "မတ်လမှ မေလအတွင်း သကြားဖြူ တန်ချိန် ၉၉ဝဝဝ ခန့် ရောက်ရှိပါမယ်” ဟု Adi က အသိပေးသည်။ သကြားများကို ဆိပ်ကမ်း ၃ ခုမှ တစ်ဆင့် တင်သွင်းမည်။ ဂျာကာတာမှ Tanjung Priok ဆိပ်ကမ်း၊ စူရာဘာယာမှ Tanjung Perak ဆိပ်ကမ်း၊ မီဒမ်မှ  Belawan ဆိပ်ကမ်း တို့ကို အသုံးပြုမည် ဖြစ်သည်။ အမျိုးသား စားနပ်ရိက္ခာအေဂျင်စီမှ ချမှတ်ပေးထားသော ပြည်တွင်း ဈေးကွက် သကြားရည်ညွှန်းဈေးမှာ တစ်ကီလို ရူပီယာ ၁၄,၅၀၀ ဖြစ်ပြီး ၂၀၂၂ နိုဝင်ဘာလတွင် သတ်မှတ်ပေးခဲ့ပါသည်။

     ၂၀၂၃ မတ်လ ၂၄ ရက် ဈေးကွက်ပေါက်ဈေးမှာ ပျမ်းမျှအားဖြင့် တစ်ကီလို ရုပီယာ ၁၄,၄၁၆ (ကန်ဒေါ်လာ ၀.၉၅ ဝန်းကျင်) ဖြစ်ပါသည်။ ရည်ညွန်းဈေးနှုန်းထက် ဈေးကွက်ပေါက်ဈေးက လျော့နည်းပါသည်။

Source: https://www.foodindustrydirectory.com.mm

Category: International News