Local News

“မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃ (မြန်မာ) Mekong-Lancang Fruit Festival 2023 (Myanmar)” ကျင်းပဆောင်ရွက်နိုင်ရေးအတွက် စတုတ္ထအကြိမ် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

Last Updated:

    

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့အထိ ကျင်းပပြုလုပ် မည့် “မဲခေါင်-လန်ချန်းသစ်သီးပွဲတော်၂၀၂၃ (မြန်မာ)” တွင် မြန်မာနိုင်ငံမှဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပညာရှင်များ နှင့်ကုန်သည် လုပ်ငန်းရှင်များအောင်မြင်စွာ ပါဝင်ပြသနိုင်ရေးအတွက် စတုတ္ထအကြိမ် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ  ၃၁ ရက်နေ့၊  နေ့လယ် (၁၃:၀၀)နာရီ အချိန်တွင်  မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ တွင် Physical/Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့သည်။    

စည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်၊ ဒေါ်နော်မူတာကပေါက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ဆိုင်ရာဌာနများမှ  တာဝန်ရှိသူများ၊ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး၊ ထုတ်လုပ်၊ တင်ပို့ရောင်းချသူများအသင်းနှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ စုစုပေါင်း(၃၉)ဦး တက်ရောက်ခဲ့ကြ သည်။

အစည်းအဝေးတွင်  “မဲခေါင်-လန်ချန်း သစ်သီးပွဲတော် ၂၀၂၃ (မြန်မာ)”ကို  အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များမှ ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ၊ ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များကို ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။   

 

 

 

Category: Local News