International News

အစားအစာအတွက် ဝယ်လိုအားမြင့်တက်လာခြင်းသည် ထိုင်းနိုင်ငံ၏ ပို့ကုန်ကို မြှင့်တင်ပေးလျက်ရှိ ခြင်း

Last Updated:

ကုန်သွယ်ဖက်နိုင်ငံများ၏ ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ထိုင်းစိုက်ပျိုးရေးနှင့် အစား အစာ ထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်တက်လာလျက်ရှိရာ ဩဂုတ်လအတွင်း ပို့ကုန် သည် ၇ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း သိရှိရပါသည်။

ဩဂုတ်လအတွင်း ပို့ကုန်သည် ၇ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၆.၂ ဘီလီယံဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် လယ်ယာ-စက်မှုထုတ်ကုန်များ၊ စက်မှုထုတ်ကုန်များ၏ ဝယ်လိုအား မြင့်တက်ခဲ့သလို ကမ္ဘာ့ရာသီဥတု အခြေအနေများနှင့် အဓိက ဈေးကွက်များ၏ ဝန်ဆောင် မှုကဏ္ဍများ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ဥရောပစီးပွားရေးသည် ငွေကြေး ဖောင်းပွမှုနှုန်း ဖိအားမှ ပြန်လည်ကောင်းမွန်လာခဲ့ပြီး စားသုံးသူများ၏ ဝယ်ယူစွမ်းအားနှင့် ထိုင်းထုတ် ကုန်များအတွက် ဝယ်လိုအားကို ပြန်လည်ကောင်းမွန်လာစေခဲ့ကြောင်း၊ အထူးသဖြင့် အမေရိကန်နှင့် ဥရောပလမ်းကြောင်း သင်္ဘောတင်ပို့ခများ ကျဆင်းမှုကြောင့် ပို့ကုန်လုပ်ငန်းရှင်များ၏ ကုန်ကျစရိတ် များ လျော့နည်းခဲ့သဖြင့် ဈေးနှုန်းယှဉ်ပြိုင်မှုကို တိုးမြှင့်စေခဲ့ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာ ဗျူဟာ ရုံး ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyannapakorn က ပြောကြားခဲ့ပါသည်။

ဩဂုတ်လအတွင်း သွင်းကုန်သည် ၈.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး  တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၂၅.၉ ဘီလီယံရှိခဲ့ရာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၂၆၅ သန်း ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၈ လအတွင်း ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၉၇ ဘီလီယံဖြင့် ၄.၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ပြီး သွင်းကုန်သည် အမေရိကန်ဒေါ်လာ ၂၀၄ ဘီလီယံဖြင့် ၅ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ရာ ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၆.၃ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ လတ်ဆတ်၊ အေးခဲနှင့် အသီးခြောက်များ၊ ဆန်၊ ရာဘာ၊ ပင်လယ်စာ စည်သွပ်ဗူး၊ တိရစ္ဆာန်အစာ၊ တိရစ္ဆာန်နှင့် ဟင်းသီးဟင်း ရွက်ဆီစသည့် စိုက်ပျိုးရေးထုတ်ကုန်များ၏ ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၄.၇၃ ဘီလီယံ သို့ရောက်ရှိခဲ့သဖြင့် ၁၇.၄ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ ပီလောပီနံထုတ်ကုန်များ၊ သကြား၊ လတ် ဆတ်နှင့် အေးခဲကြက်သားနှင့် ဟင်းသီးဟင်းရွက် စည်သွပ်ဗူးပို့ကုန်များ ကျဆင်းခဲ့ကြောင်း သိရှိရပါ သည်။

မော်တော်ကားနှင့် ဆက်စပ်ပစ္စည်းများ၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ ရာဘာထုတ်ကုန်၊ ယန္တရားများ၊ ဓာတုပစ္စည်းများ၊ တယ်လီဖုန်းပစ္စည်းများနှင့် လေအေးပေးစက်နှင့် ဆက်စပ်ပစ္စည်းများ၏  ပို့ကုန်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၀.၄ ဘီလီယံ ရှိခဲ့ပြီး ၅.၂ ရာခိုင်နှုန်း တိုးတက်မှုရှိခဲ့ကြောင်း၊ အတွင်းပိုင်းလောင်ကျွမ်းအင်ဂျင်များ၊ ဆားကစ်စ်ဘုတ်များ၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ထရန်စစ္စတာ များနှင့် ဒိုင်အုတ်ပို့ကုန်များ ကျဆင်းခဲ့ကြောင်း၊ ယခုနှစ်အတွင်း ပို့ကုန်တိုးတက်မှုသည် ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းထိ မြင့်တက်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ ကမ္ဘာ့ရာသီဥတုအခြေအနေများကြောင့် နိုင်ငံအများစုတွင် ထုတ်လုပ်မှု၌ သက်ရောက်သဖြင့် ကုန်သွယ်ဖက်နိုင်ငံများက အစားအစာဖူလုံမှု အတွက် စိုက်ပျိုးရေးထုတ်ကုန်များအတွက် ဝယ်လိုအား မြင့်တက်လာခဲ့ပါက ပို့ကုန်တိုးတက်မှုသည် ၂ ရာခိုင်နှုန်းထက်ပင် ကျော်လွန်နိုင်ကြောင်း၊ ပို့ကုန်အတွက် ဘတ်ငွေအားကောင်းနေခြင်း၊ ပထဝီဝင်နိုင်ငံ ရေး မသေချာမှုမြင့်တက်နေခြင်းနှင့် ရေလွှမ်းမိုးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် သက် ရောက်မှု စသည့် ဖိအားများလည်းရှိပါကြောင်း ညွှန်ကြားရေးမှူးချုပ်က ဆက်လက်ပြောကြားခဲ့ပါသည်။

ဘတ်ငွေခိုင်မာနေမှုသည် နိုဝင်ဘာလနှင့် ဒီဇင်ဘာလတွင် ပေးပို့မည့် ကုန်ပစ္စည်းများအတွက် ညှိနှိုင်းရာတွင် အန္တရာယ်အမြင့်ဆုံးဖြစ်နေပါကြောင်း၊ ဘတ်ငွေခိုင်မာမှုသည် ၂၀၂၅ ခုနှစ် ပထမ ၃ လပတ်အထိ ရှိနေမည်ဟု ခန့်မှန်းရပါကြောင်း၊ ပြည်တွင်းလုပ်ငန်းများသည် နိုင်ငံတကာ ကုန်သွယ်မှု အတွက် စေ့စပ်ညှိနှိုင်းရာတွင် ဘတ်ငွေအားကောင်းနေသောကြောင့် နိုင်ငံခြားငွေလဲလှယ်နှုန်းဒဏ်ကို ခံစားရပါကြောင်း၊ ဇူလိုင်လမှ ဩဂုတ်လအထိ စိုက်ပျိုးရေးထုတ်ကုန်များ ရောင်းချထားသော ပို့ကုန် လုပ်ငန်းရှင်များသည် ဘတ်ငွေနည်းနည်းသာ ပြန်လည်ရရှိသဖြင့် ငွေဖြစ်လွယ်မှုပြဿနာ ရှိနိုင်ပါ ကြောင်း၊ အစိုးရ၏ ၁ ရက်‌ အနည်းဆုံးလုပ်ခလစာ ဘတ် ၄၀၀ သို့ တိုးမြှင့်မည့်အစီအစဉ်ကြောင့် ပို့ကုန် လုပ်ငန်းရှင်များ ရပ်နားနိုင်ကြောင်း၊ အဘယ့်ကြောင့်ဆိုသော် ယင်းသည် စိုက်ပျိုးရေးနှင့် ဝန်ဆောင်မှု ကဏ္ဍများ၌ ထုတ်လုပ်မှု ကုန်ကျ စရိတ်ကို သက်ရောက်နိုင်ပြီး လုပ်ငန်းသေးများသည် ဘတ်ငွေခိုင်မာမှု ဒဏ်ကို ခံစားရကြောင်း Thai National Shippers’ Council ဥက္ကဋ္ဌ Mr. Chaichan Charoensuk က သုံးသပ်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com  (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

 

Category: International News