International News

ထိုင်းနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် နည်းပညာမြင့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန် ဂျပန်ကုမ္ပဏီ များကို ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက တိုက်တွန်းခဲ့ခြင်း

Last Updated:

ဂျပန်စီးပွားရေးလုပ်ငန်းများအနေဖြင့် ထိုင်းနိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများနှင့် နည်းပညာ မြင့် စက်ရုံများတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများစွာကို မျှော် လင့်ထားကြောင်း JETRO ဗန်ကောက်ရုံးခွဲ ဖွင့်လှစ်သည့် နှစ် ၇၀ ပြည့်အခမ်းအနားတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံတွင် ဂျပန်ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လာရန် မျှော်လင့်ပါကြောင်း၊ ဂျပန်နိုင်ငံ အနေ ဖြင့် ထိုင်းနိုင်ငံကို ထုတ်လုပ်မှုနေရာအဖြစ် မှတ်ယူစေလိုကြောင်း၊ အစိုးရအနေဖြင့် အကူအညီ များစွာ ပေးသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့တွင်လည်း မက်လုံးပေးအစီအစဉ်များ ရှိပါကြောင်း၊ နိုင်ငံ တကာ Printed circuit board (PCB) ကုမ္ပဏီများသည် ၎င်းတို့၏ ထုတ်လုပ်မှု အခြေစိုက်များကို ထိုင်း နိုင်ငံသို့ ရွှေ့ပြောင်းလာကြသဖြင့် အစိုးရသည် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဏ္ဍကို မြှင့်တင်လိုကြောင်း၊ တရုတ်နိုင်ငံမှ ဂျပန်ကုမ္ပဏီများ၏ ထုတ်လုပ်မှုအခြေစိုက်များကို ထိုင်းနိုင်ငံတွင် ပြန်လည်နေရာချထားရန် ဖိတ်ခေါ်လိုကြောင်း၊ ထိုင်းနိုင်ငံအစိုးရသည် နည်းပညာမြင့်ကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို အားပေးရန် ရည်ရွယ်ထားပြီး ပြောင်းလဲမှုကို ဆောင်ရွက်နိုင်ပါက ကျွမ်းကျင်လုပ်သား စံနှုန်းများကို မြှင့်တင်နိုင်ပြီး လုပ်သားများသည်လည်း လစာမြင့်မြင့်မားမားရရှိနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး H.E Mr Pichai Naripthaphan က ပြောကြားခဲ့ပါသည်။

အစိုးရအနေဖြင့် လက်ယာမောင်းလျှပ်စစ်မော်တော်ကားများ ထုတ်လုပ်မှုဗဟိုချက်ဖြစ်စေရန် အတွက် လျှပ်စစ်မော်တော်ကားကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ထားပါကြောင်း၊ ကမ္ဘာကြီးသည် သန့်ရှင်းပြီး စိမ်းလန်းသော စွမ်းအင်များ လိုအပ်ပါကြောင်း၊ လျှပ်စစ်မော်တော်ကားများသည် အနာဂတ်အတွက် လမ်းကြောင်းတစ်ခုဖြစ်ပြီး လောင်ကျွမ်းယာဉ်များသည် မြေပြင်တွင် ပျောက်ကွယ်တော့မည်ဖြစ်ကြောင်း၊ ဂျပန်သည် လျှပ်စစ်မော်တော်ကားအတွက် စိတ်ဝင်စားသော် လည်း နှစ်မျိုးသုံး (Hybrid) ကားကို ပိုမိုအားစိုက်ပါကြောင်း၊ ယနေ့ခေတ်တွင် တရုတ်သည် လျှပ်စစ်မော်တော်ကား တံဆိပ် ၄၀၀ ကျော် ရှိသော်လည်း ၁၀၀ ခန့်သာ ရပ်တည်နိုင်ကြောင်း၊ တရုတ်သည် ကမ္ဘာ့လျှပ်စစ်မော်တော်ကား ထောက်ပံ့သူဖြစ်ရန် ဆက်လက်ဆောင်ရွက်သွားနိုင်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com  (စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News