International News

ဖိလစ်ပိုင်နိုင်ငံ၊ Bureau of Plant and Industry (BPI) မှ LVM Grains Enterprises အား ဆန်၊ ကော်ဖီနှင့် သီဟိုစေ့တို့ ခွင့်ပြုချက်မရရှိပဲ တင်သွင်းခဲ့သဖြင့် သွင်းကုန်လိုင်စင်ရုတ်သိမ်း

Last Updated:

ဖိလစ်ပိုင်စိုက်ပျိုးရေးဌာနလက်အောက်ခံ Bureau of Plant and Industry (BPI) သည်  မနီ လာမြို့အခြေစိုက် LVM Grains Enterprises အား ဗီယက်နမ်နိုင်ငံမှ စိုက်ပျိုးရေးထွက်ကုန် ပစ္စည်းများအား ခွင့်ပြုချက်မရရှိပဲ ပိုမိုတင်သွင်းခဲ့သဖြင့် သွင်းကုန်လိုင်စင်အား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ LVM ကုမ္ပဏီသို့ ခွင့်ပြုထားရှိပြီးဖြစ်သည့် Sanitary and Phytosaitary Import Clearances (SPSICs) များကိုလည်း ပြန်လည်ရုပ်သိမ်းသွားရန် BPI ဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ခဲ့ပါသည်။ SPSICs သည် ဖိလစ်ပိုင်နိုင်ငံတွင်းသို့ စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်သွင်းရာတွင် လူနှင့်တိရစ္ဆာန်များ စားသုံးရန်သင့်တော်ပြီး ပိုးမွှားကင်းရှင်းကြောင်း သက်သေခံလက်မှတ်တစ်ခုဖြစ်ပြီး လက်ရှိတွင် BPI မှ ထုတ်ပေးလျက်ရှိပါသည်။

LVM ကုမ္ပဏီမှ ရှင်းလင်းတင်ပြခဲ့သည့် MV Royal 89 ဖြင့် ဗီယက်နမ်နိုင်ငံမှ Milled rice, Coffee, Cashew nuts တို့အား သွင်းကုန်လိုင်စင်မရရှိပဲ တင်သွင်းခဲ့ရခြင်းအပေါ် BPI မှ ပြန်လည် လေ့လာသုံးသပ်လျက်ရှိပါသည်။ ထို့ပြင် ကုမ္ပဏီအနေဖြင့် ယခင်ကလည်း အကြိမ်များစွာ ယခုကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းများရှိကြောင်း မှတ်တမ်းများအရ သိရှိရကြောင်းထုတ်ပြန်ထားသည်ဟု ဖော်ပြပါရှိပါ သည်။ Plants ၊ Planting materials, Plant products များ တင်သွင်းခြင်းအတွက် ပင်ရင်းနိုင်ငံမှ ထုတ်ပေးသည့် Phytosanitary Cetificate နှင့် import clearance  တို့ရရှိထားရန်လိုအပ်ပါသည်။

တချိန်တည်းမှာပင် ဆန်တင်သွင်းနေသည့် ကုန်သည်များအနေဖြင့်လည်း ၎င်းတို့လျှောက်ထား ရယူထားသည့် SPSICs များကိုအပြည့်အဝပြန်လည်အသုံးပြုသွားရန် လိုအပ်ကြောင်း Memorandum Circular (MC)35 အား စိုက်ပျိုးရေးဝန်ကြီးဌာနဝန်ကြီးမှ လတ်တလော လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပါသည်။ SPSICs ထုတ်ပေးသည့် ရက်စွဲမှ စတင်ရေတွက်လျှင် ရက်ပေါင်း ၆၀ အတွင်း သတ်မှတ်ထား သည့် ကုန်ပစ္စည်းအရေအတွက်၊ ပမာဏ အတိအကျ အတိုင်း တင်သွင်းသွားရန်လိုအပ်ပါကြောင်း၊ ဆိပ်ကမ်းသို့ ကုန်ပစ္စည်းရောက်ရှိသည်နှင့်တပြိုင်နက် Plant Quarantine Procedures များကို ဆက်လက်ဆောင်ရွက်သွားရန်လိုအပ် ကြောင်း ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။

သတ်မှတ်လုပ်ထုံးလုပ်နည်းများကို လိုက်နာရန်ပျက်ကွက်သည့် ကုမ္ပဏီများအနေဖြင့် လုပ်ငန်း ဆောင်ရွက်ခွင့်ရပ်ဆိုင်းခြင်း (Sanctions) နှင့် ပြစ်မှု/ပြစ်ဒဏ်များ (Penalties) အား ကျခံရမည်ဖြစ်ပါကြောင်း၊ ပြည်တွင်း ဆန်လက်ကျန်ဖူလုံစေရေးနှင့် ဆက်စပ်နေသည့် SPSICs များ ရရှိထားပြီး ခွင့်ပြုထားသည့် ပမာဏအတိုင်း ဆန်တင်သွင်းခြင်းမရှိပါက အလားတူ ပြစ်မှု/ပြစ်ဒဏ်များအား ကျခံရမည်ဖြစ်ပါသည်။

BPI ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ၂၂-၈-၂၀၂၄ ရက်နေ့ထိ ဆန်တန်ချိန် မက်ထရစ်တန် ၂.၇၂ သန်း ရောက်ရှိထားပြီးဖြစ်ပါကြောင်း၊ ၆-၇-၂၀၂၄ ရက်နေ့ နောက်ပိုင်း ရောက်ရှိ လာသည့် shipments များကို အခွန်နှုန်း ၁၅% ဖြင့် ကောက်ခံထားရှိပြီးဖြစ်ပါကြောင်း၊ ၁-၇-၂၀၂၄ ရက်နေ့မှ ၂၂-၈-၂၀၂၄ ရက်နေ့ထိ ဆန်တင်သွင်းမှုပမာဏ ၃၇၆,၃၅၃.၇၀ မက်ထရစ်တန် ရှိခဲ့ပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ပထမ ၃ လပတ် က ဆန်တင်သွင်းမှုပမာဏ ၃၉၀.၀၆၅.၉၃ မက်ထရစ်တန်ရှိခဲ့သဖြင့် ယေဘုယျအားဖြင့် ပုံမှန်ထက် လျော့နည်းနေသည်ကို တွေ့ရှိရကြောင်း BPI မှ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ သိရှိရကြောင်း ဖော်ပြပါရှိပါသည်။

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

Source; https://businessmirror.com.ph/2024/09/03/bpi-revokes-import-license-of-trader/

 

 

Category: International News