International News

၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ထိုင်းနိုင်ငံ၌ ကုန်စည်နှင့် ဝန်ဆောင်မှု အမျိုးအစား ၁၅၀,၀၀၀ ကျော် အတွက် ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်

Last Updated:

 

ထိုင်းနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၀,၀၀၀ ကျော်အတွက် ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ဈေးနှုန်းလျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိစေရန် ၈၇         ရာခိုင်နှုန်းထိ လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ ဈေးဝယ်စင်တာများ၊ ရပ်ကွက်ဈေးများနှင့် ဝန်ဆောင်မှုပေးသူများနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

          ယင်းသို့ဆောင်ရွက်ခြင်းသည် ကုန်ကျစရိတ်လျှော့ချရန်၊ ဝင်ငွေတိုးပွားရန်နှင့် စီးပွားရေးအခွင့် အလမ်းများ ချဲ့ထွင်ရန်အတွက် အစိုးရ၏ Quick Win မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ အဓိက စားသုံးကုန်စည်များ ထုတ်လုပ်နေသူ ၈၈ ဦး၊ ဖြန့်ချိသူ၊ ဈေးဝယ်စင်တာ၊ အိမ်တွင်းအလှဆင်၊ ပစ္စည်း ရောင်းသူ ၈၃ ဦး၊ ဆေးရုံများနှင့် မော်တော်ယာဉ် ပြင်ဆင်ရေးဝန်ဆောင်မှု ဆောင်ရွက်သူ ၁၁၀ ဦး၊ ထောက်ပံ့ပို့ဆောင်‌ရေး ကုမ္ပဏီ ၁၁၀ ခုနှင့် အွန်လိုင်းပလက်ဖောင်း ၇ ခု တို့က ၎င်းတို့၏ ကုန်စည်များ နှင့် ဝန်ဆောင်မှု ၁၅၁,၆၇၆ တို့အပေါ် ဈေးနှုန်းလျှော့ချရေးကို သဘောတူညီခဲ့ကြပါကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ၃ လကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

          ကုန်ပစ္စည်းများကို ပြုပြင်ထားသော အစားအစာ၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အဖျော် ယမကာ (အမျိုးအစား ၃,၀၅၈  ခုအတွက် အများဆုံး ၈၇ ရာခိုင်နှုန်း) စသော အစားအစာနှင့် အဖျော် ယမကာ၊ နေ့စဉ်လိုအပ်သော ကုန်စည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်အလှဆင်၊ ဆေးဝါးနှင့် ဆေးဘက် ဆိုင်ရာ ပစ္စည်းများ (အမျိုးအစား ၈,၂၉၀ ခုအတွက် အများဆုံး ၈၀ ရာခိုင်နှုန်း) စသည့် အရေးပါသော ကုန်စည်များနှင့် ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်းများ နှင့် တိရစ္ဆာန်အစာ (အမျိုးအစား ၁၉၈ ခုအတွက် အများဆုံး ၄၀ ရာခိုင်နှုန်း) စသော စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစု စသည်ဖြင့် အမျိုး အစား (၃) မျိုးခွဲခြားထားပါကြောင်း သိရှိရပါသည်။

          ဝန်ဆောင်မှုတွင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ (အမျိုးအစား ၁၄၀,၀၀၀ အတွက် အများ ဆုံး ၂၀ ရာခိုင်နှုန်း)၊ မော်တော်ကားပြုပြင်ရေးဝန်ဆောင်မှုများ (အမျိုးအစား ၁၂၃ ခုအတွက် အများဆုံး ၅၀ ရာခိုင်နှုန်း) နှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် အမြန်ချောစာပို့ဝန်ဆောင်မှုများ (အမျိုးအစား ၇ ခု အတွက် အများဆုံး ၆၉ ရာခိုင်နှုန်း) စသည်ဖြင့် (၃) မျိုး ခွဲခြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

          ဈေးနှုန်းလျှော့ချခြင်းဖြင့် နေထိုင်မှုကုန်ကျစရိတ်ကို ၂-၃ ဘီလီယံထိ လျှော့ချပေးနိုင်မည် ဖြစ်ပြီး ပြည်သူများ၏ သုံးစွဲမှုကို မြင့်တက်လာစေနိုင်မည် ဖြစ်ပါကြောင်း၊ စီးပွားရေးကိုလည်း တွန်းအားပေးနိုင် မည်ဖြစ်ကြောင်း၊ စားသုံးသူများ၊ တောင်သူလယ်သမားများနှင့် လုပ်ငန်းကြီး၊ လုပ်ငန်းငယ်အားလုံးအတွက် အကျိုးရှိစေနိုင်ပါ‌ကြောင်း၊ ဈေးနှုန်းလျှော့ချခြင်းကြောင့် စတုတ္ထ ၃ လပတ်တွင် ငွေကြေး ဖောင်းပွမှုနှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားပါသည်။

          ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များအား ဈေးနှုန်းလျှော့ချရေးကိုသာ ဆောင်ရွက်စေခြင်း မဟုတ်ဘဲ ၎င်းတို့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချပေးရန်နှင့် ရှိနှင့်ပြီးသော လုပ်ထုံးလုပ် နည်းဆိုင်ရာ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် နည်းလမ်းရှာဖွေပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောကြားပါသည်။

          အဖွဲ့အစည်းများစွာ ပါဝင်ဆောင်ရွက်ကြသဖြင့် ဈေးနှုန်းလျှော့ချခြင်းသည် အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ခေါက်ဆွဲတစ်ထုပ် ထုတ်လုပ်ရန် ဂျုံ၊ စားအုန်းဆီ၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ် အား စသည်တို့အတွက် ၇ ဘတ်ခန့် ကုန်ကျပါကြောင်း၊ ပါဝင်ပစ္စည်းတစ်ခုဈေးနှုန်း လျော့နည်းသွား ပါက ကုန်ပစ္စည်းဈေးနှုန်းလည်း ကျဆင်းသွားနိုင်ပါကြောင်း၊ ယခင် ပြည်သူများ၏ သုံးစွဲမှုနှုန်း ကျဆင်း ခဲ့သော်လည်း အစိုးရသစ်မှ မူဝါဒများ ထုတ်ပြန်ကြေညာ ပြီးနောက် ပြည်သူများ၏ ယုံကြည်မှု မြင့်တက် လာပြီး သုံးစွဲမှုနှုန်းလည်း မြင့်မားလာပါကြောင်း မာမား ခေါက်ဆွဲ ထုတ်လုပ်သူ Thai President Foods Plc ၏ မန်နေဂျာ Mr. Pun Paniangvait က သုံးသပ်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost. gov

ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

ထိုင်းနိုင်ငံ၌ ယခုနှစ် ဒီဇင်ဘာလကုန်အထိ ကုန်စည်နှင့် ဝန်ဆောင်မှု ၁၅၀,၀၀၀ ကျော်အတွက် ဈေးနှုန်းလျှော့ချပေးသွားမည်ဖြစ်ပါကြောင်း၊ ဈေးနှုန်းလျှော့ချမှုတွင် ပိုမိုထိရောက်မှုရှိစေရန် ၈၇         ရာခိုင်နှုန်းထိ လျှော့ချပေးသွားမည် ဖြစ်ကြောင်း၊ ထုတ်လုပ်သူများ၊ ဖြန့်ချိသူများ၊ ဈေးဝယ်စင်တာများ၊ ရပ်ကွက်ဈေးများနှင့် ဝန်ဆောင်မှုပေးသူများနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

          ယင်းသို့ဆောင်ရွက်ခြင်းသည် ကုန်ကျစရိတ်လျှော့ချရန်၊ ဝင်ငွေတိုးပွားရန်နှင့် စီးပွားရေးအခွင့် အလမ်းများ ချဲ့ထွင်ရန်အတွက် အစိုးရ၏ Quick Win မူဝါဒ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ အဓိက စားသုံးကုန်စည်များ ထုတ်လုပ်နေသူ ၈၈ ဦး၊ ဖြန့်ချိသူ၊ ဈေးဝယ်စင်တာ၊ အိမ်တွင်းအလှဆင်၊ ပစ္စည်း ရောင်းသူ ၈၃ ဦး၊ ဆေးရုံများနှင့် မော်တော်ယာဉ် ပြင်ဆင်ရေးဝန်ဆောင်မှု ဆောင်ရွက်သူ ၁၁၀ ဦး၊ ထောက်ပံ့ပို့ဆောင်‌ရေး ကုမ္ပဏီ ၁၁၀ ခုနှင့် အွန်လိုင်းပလက်ဖောင်း ၇ ခု တို့က ၎င်းတို့၏ ကုန်စည်များ နှင့် ဝန်ဆောင်မှု ၁၅၁,၆၇၆ တို့အပေါ် ဈေးနှုန်းလျှော့ချရေးကို သဘောတူညီခဲ့ကြပါကြောင်း၊ ဒီဇင်ဘာ ၃၁ ရက်နေ့ထိ ၃ လကြာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

          ကုန်ပစ္စည်းများကို ပြုပြင်ထားသော အစားအစာ၊ ဆန်၊ ဟင်းခတ်အမွှေးအကြိုင်၊ အဖျော် ယမကာ (အမျိုးအစား ၃,၀၅၈  ခုအတွက် အများဆုံး ၈၇ ရာခိုင်နှုန်း) စသော အစားအစာနှင့် အဖျော် ယမကာ၊ နေ့စဉ်လိုအပ်သော ကုန်စည်များ၊ လျှပ်စစ်ပစ္စည်းများ၊ အိမ်အလှဆင်၊ ဆေးဝါးနှင့် ဆေးဘက် ဆိုင်ရာ ပစ္စည်းများ (အမျိုးအစား ၈,၂၉၀ ခုအတွက် အများဆုံး ၈၀ ရာခိုင်နှုန်း) စသည့် အရေးပါသော ကုန်စည်များနှင့် ဓာတ်မြေဩဇာ၊ စိုက်ပျိုးရေးဆိုင်ရာ ဓာတုပစ္စည်းများ နှင့် တိရစ္ဆာန်အစာ (အမျိုးအစား ၁၉၈ ခုအတွက် အများဆုံး ၄၀ ရာခိုင်နှုန်း) စသော စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစု စသည်ဖြင့် အမျိုး အစား (၃) မျိုးခွဲခြားထားပါကြောင်း သိရှိရပါသည်။

          ဝန်ဆောင်မှုတွင် ဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများ (အမျိုးအစား ၁၄၀,၀၀၀ အတွက် အများ ဆုံး ၂၀ ရာခိုင်နှုန်း)၊ မော်တော်ကားပြုပြင်ရေးဝန်ဆောင်မှုများ (အမျိုးအစား ၁၂၃ ခုအတွက် အများဆုံး ၅၀ ရာခိုင်နှုန်း) နှင့် ထောက်ပံ့ပို့ဆောင်ရေးနှင့် အမြန်ချောစာပို့ဝန်ဆောင်မှုများ (အမျိုးအစား ၇ ခု အတွက် အများဆုံး ၆၉ ရာခိုင်နှုန်း) စသည်ဖြင့် (၃) မျိုး ခွဲခြား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရ ပါသည်။

          ဈေးနှုန်းလျှော့ချခြင်းဖြင့် နေထိုင်မှုကုန်ကျစရိတ်ကို ၂-၃ ဘီလီယံထိ လျှော့ချပေးနိုင်မည် ဖြစ်ပြီး ပြည်သူများ၏ သုံးစွဲမှုကို မြင့်တက်လာစေနိုင်မည် ဖြစ်ပါကြောင်း၊ စီးပွားရေးကိုလည်း တွန်းအားပေးနိုင် မည်ဖြစ်ကြောင်း၊ စားသုံးသူများ၊ တောင်သူလယ်သမားများနှင့် လုပ်ငန်းကြီး၊ လုပ်ငန်းငယ်အားလုံး

 

-၂-

အတွက် အကျိုးရှိစေနိုင်ပါ‌ကြောင်း၊ ဈေးနှုန်းလျှော့ချခြင်းကြောင့် စတုတ္ထ ၃ လပတ်တွင် ငွေကြေး ဖောင်းပွမှုနှုန်းအပေါ် သက်ရောက်မှုရှိလာနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားပါသည်။

          ဝန်ကြီးဌာနအနေဖြင့် လုပ်ငန်းရှင်များအား ဈေးနှုန်းလျှော့ချရေးကိုသာ ဆောင်ရွက်စေခြင်း မဟုတ်ဘဲ ၎င်းတို့အတွက် ထုတ်လုပ်မှုကုန်ကျစရိတ်လျှော့ချပေးရန်နှင့် ရှိနှင့်ပြီးသော လုပ်ထုံးလုပ် နည်းဆိုင်ရာ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန် နည်းလမ်းရှာဖွေပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးက ဖြည့်စွက် ပြောကြားပါသည်။

          အဖွဲ့အစည်းများစွာ ပါဝင်ဆောင်ရွက်ကြသဖြင့် ဈေးနှုန်းလျှော့ချခြင်းသည် အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ ခေါက်ဆွဲတစ်ထုပ် ထုတ်လုပ်ရန် ဂျုံ၊ စားအုန်းဆီ၊ လျှပ်စစ်၊ သယ်ယူပို့ဆောင်ရေးနှင့် လုပ် အား စသည်တို့အတွက် ၇ ဘတ်ခန့် ကုန်ကျပါကြောင်း၊ ပါဝင်ပစ္စည်းတစ်ခုဈေးနှုန်း လျော့နည်းသွား ပါက ကုန်ပစ္စည်းဈေးနှုန်းလည်း ကျဆင်းသွားနိုင်ပါကြောင်း၊ ယခင် ပြည်သူများ၏ သုံးစွဲမှုနှုန်း ကျဆင်း ခဲ့သော်လည်း အစိုးရသစ်မှ မူဝါဒများ ထုတ်ပြန်ကြေညာ ပြီးနောက် ပြည်သူများ၏ ယုံကြည်မှု မြင့်တက် လာပြီး သုံးစွဲမှုနှုန်းလည်း မြင့်မားလာပါကြောင်း မာမား ခေါက်ဆွဲ ထုတ်လုပ်သူ Thai President Foods Plc ၏ မန်နေဂျာ Mr. Pun Paniangvait က သုံးသပ်ပြောကြားခဲ့ပါသည်။

Source: www.bangkokpost. gov

ဒေါ်သီတာဝင်း၊ စီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့။  

Category: International News