International News

ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှု စံချိန်သစ်တင်

Last Updated:

        ဗီယက်နမ်နိုင်ငံသည် ၂၀၂၃  ခုနှစ် ပထမ ကိုးလအတွင်း ဈေးနှုန်းများ မြင့်တက်လာခြင်း ကြောင့် ဆန်တင်ပို့မှုမှဝင်ငွေ စံချိန်သစ်တင်ခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအဆိုအရ သိရှိရသည်။

          အဆိုပါကာလအတွင်း ဗီယက်နမ်သည် ဆန်တင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃.၆၆ သန်း ရရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၄၀ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာကြောင်း ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက အဆိုပါ ရလဒ်ကောင်းများကို အချက်နှစ်ချက်ဖြင့် သတ်မှတ်ခဲ့သည်။ ပထမအချက်မှာ ဗီယက်နမ်နိုင်ငံသို့ တင်ပို့သည့် ဆန်ဈေးနှုန်း မြင့်တက်မှုနှင့် ဒုတိယအချက်မှာ ပြန်လည် သုံးသပ်သည့်ကာလအတွင်း ဈေးကွက် အများအပြားတွင် ဆန်တင်ပို့မှု ကျဆင်းလာခြင်းကြောင့် ဖြစ်ကြောင်း ဖော်ပြထားပါသည်။

          ဗီယက်နမ်နိုင်ငံ၏ ပထမသုံးလပတ်တွင် ပြည်ပသို့ တင်ပို့သော ဆန်စျေးနှုန်းသည် တစ်တန်လျှင် ၅၅၃ ဒေါ်လာအထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်အလားတူကာလအတွင်း ပျမ်းမျှ စျေးနှုန်းနှင့် နှိုင်းယှဉ်ပါက ၁၄ % တိုးလာခြင်းဖြစ်သည်။ အခြေခံအားဖြင့် ဗီယက်နမ်မှ တင်ပို့ရောင်းချသည့် ဆန်ဈေးသည် တစ်နှစ်ထက်တစ်နှစ် ၁၄% မြင့်တက်လာကြောင်း ညွှန်ပြနေသည်။

            ပထမရှစ်လအတွင်း ဖိလစ်ပိုင်သည် ဗီယက်နမ်ဆန်ထွက်ကုန်များကို အများဆုံး ဝယ်ယူခဲ့ပြီး စုစုပေါင်း ဆန်တင်ပို့မှု၏ ၄၀.၃% ရှိသည်။ ဗီယက်နမ်မှ ဆန်တင်ပို့မှု စုစုပေါင်း၏ ၁၃ ဒသမ ၅ ရာခိုင်နှုန်းနှင့် ဗီယက်နမ်မှ ၁၂ ဒသမ ၄ ရာခိုင်နှုန်း အသီးသီး ဝယ်ယူသူအဖြစ် တရုတ်နှင့် အင်ဒိုနီးရှားတို့က ဒုတိယနှင့် တတိယ အသီးသီး ရပ်တည်လျက်ရှိသည်။

            စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန လက်အောက်ရှိ ပို့ကုန်သွင်းကုန်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး Tran Thanh Hai ၏ ပြောကြားချက်အရ ဖိလစ်ပိုင်၊ တရုတ်၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် အာဖရိကတို့ကဲ့သို့သော အဓိကစားသုံးသည့် ဈေးကွက်များတွင် ဆန်တင်သွင်းမှု ဆက်တိုက် လိုအပ်နေခြင်းကြောင့် ယခုနှစ်ကုန်အထိ တင်ပို့သည့် ဆန်ဈေးနှုန်းမှာ မြင့်မားနေမည်ဟု မျှော်လင့်ထားကြောင်း၊ ၎င်းသည် အိန္ဒိယနှင့် ပါကစ္စတန် တို့ကဲ့သို့ ထိပ်တန်း ဆန်တင်ပို့သူများထံမှ ဆန်ထောက်ပံ့မှု အကန့်အသတ်နှင့် ယှဉ်တွဲနေကြောင်း သိရပါသည်။

            အထူးသဖြင့် ဖိလစ်ပိုင်သည် နောက်ထပ် တန်ချိန် ၁.၁ သန်း တင်သွင်းရန် လိုအပ်ပြီး အင်ဒိုနီးရှားသည် ယခုနှစ်ကုန်တွင် တန်ချိန် ၂.၃ သန်း ဝယ်ယူရန် စီစဉ်နေသောကြောင့် ဗီယက်နမ် စားနပ်ရိက္ခာအသင်း (VFA) ဥက္ကဋ္ဌက ဆန်တင်ပို့မှုအတွက် လုံလောက်စွာရှိကြောင်း အလေးပေး ပြောကြားခဲ့ပါသည်။

            တရုတ်နိုင်ငံ၏ ဆန်တင်သွင်းမှု လိုအပ်ချက်မှာလည်း ယခုနှစ် လက်ကျန်လများတွင် တိုးလာမည်ဟု ခန့်မှန်းထားကြောင်း နှင့် ဆန်တင်ပို့သူများအနေဖြင့် ပို့ကုန်များ ပြည့်မီ စေရန်အတွက် သင့်လျော်သော မဟာဗျူဟာများရှိရန် အကြံပြုထားကြောင်း သိရှိရပါသည်။

Source : VN express

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

 

Category: International News