International News

ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား ကုန်သွယ်မှုကို လာမည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၁ ဘီလီ ယံသို့ တိုးမြှင့်ရောက်ရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့

Last Updated:

လာမည့်နှစ်တွင် ထိုင်းနှင့် လာအိုနိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုပမာဏကို အမေရိကန် ဒေါ်လာ ၁၁     ဘီလီယံသို့    တိုးမြှင့်ရောက်ရှိနိုင်ရေး   နှစ်နိုင်ငံဆက်ဆံရေးကို       ခိုင်မာစေရန်    ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဝန်ကြီး H.E Mr. Pichai Naripthaphan က ပြောကြားခဲ့ပါ သည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးသည် လာအိုနိုင်ငံစက်မှုနှင့် စီးပွား ကူးသန်းဝန်ကြီးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်မှုပူးပေါင်းဆောင်ရွက်ရေး အထူးသဖြင့် နယ်စပ်ကုန်သွယ်မှုကို မြှင့်တင်သွားရန် သဘောတူညီခဲ့ပါကြောင်း၊ ထိုင်းနိုင်ငံသည် လာအိုနိုင်ငံ ၏ အဓိက ကုန်သွယ်ရေးမိတ်ဖက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ ၇.၆၃ ဘီလီယံသို့ ရောက်ရှိခဲ့ပါကြောင်း၊ ထိုင်းထုတ်ကုန်များ လာအိုသို့ လွယ်ကူ ချောမွေ့စွာ သယ်ယူပို့ဆောင်နိုင်ရန် ကပ်ရောဂါကာလမှ ပိတ်ထားခဲ့သော       စစ်ဆေးရေးဂိတ် ၄   ခုကို ပြန်လည်ဖွင့်လှစ်နိုင်ရေး လာအိုဝန်ကြီးထံ တောင်းဆိုခဲ့ပါကြောင်း၊ တစ်ဆင့်ခံကုန်သွယ်မှုနှင့်စပ်လျဉ်း ၍ ထိုင်းထုတ်ကုန်များ တရုတ်နှင့် ဗီယက်နမ်သို့ တင်ပို့ရာတွင် R3A၊ R9၊ R12 နှင့် လာအို-တရုတ် မီးရထားလမ်းတို့ကို အသုံးပြုရာ၌ လွယ်ကူချောမွေ့စေရေးကိုလည်း တောင်းဆိုခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ သစ်သီးကုန်တင်ကားများ လာအိုကို ဖြတ်သန်း၍ တရုတ်သို့ တင်ပို့ရာတွင် အကောက်ခွန်လုပ်ငန်းစဉ်များ ဖြေလျှော့ပေးခြင်းကိုလည်း ချီးမွှမ်းပြောဆိုခဲ့ပါကြောင်း၊ နယ်စပ်စစ် ဆေးရေးဂိတ်များအားလုံး၌ သယ်ယူပို့ဆောင်မှုကို ခွင့်ပြုသော လိုင်စင်များ၏ သက်တမ်းများကို ၁၅ ရက်မှ ၃၀ ရက်သို့ တိုးမြှင့်ပေးနိုင်ရေး တောင်းဆိုခဲ့ပါကြောင်း၊ လာအိုအစိုးရသည် နယ်စပ်ဖြတ်ကျော်နှင့် တစ်ဆင့်ခံကုန်သွယ်မှု နှစ်ခုလုံးအတွက် လွယ်ကူချောမွေ့စေရေးနှင့် သယ်ယူပို့ဆောင်ရေး လိုင်စင်များ သက်တမ်းတိုးပေးခြင်းတို့အတွက် ကတိပေးခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံ Digital Economy Framework Agreement (DEFA) အတွက် ညှိနှိုင်း မှု ၅၀ ရာခိုင်နှုန်း ပြီးမြောက်စေရေး အစည်းအဝေး၌ တိုက်တွန်းခဲ့ပါကြောင်း၊ ယင်းအစပျိုးမှုသည် လာအို၏ ကုန်သွယ်မှု တိုးမြှင့်ရေးကို အား ပေးသည့် လာအို အငယ်စား၊ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် e-commerce ရရှိနိုင်ရေး ဖြစ်စေမည်ဖြစ် ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် နယ်စပ်မြူမှုန်ကိစ္စရပ် ဖြေရှင်းရာတွင် လည်းကောင်း၊ စိုက်ပျိုးရေး ထုတ်ကုန် များ၏ ကုန်သွယ်မှုတန်ဖိုး တိုးမြှင့်ရာတွင်လည်းကောင်း၊ စဉ်ဆက်မပြတ်သော စိုက်ပျိုးရေးနှင့် စပ်လျဉ်း၍ နည်းပညာအကူအညီ ပေးအပ်ရာတွင်လည်းကောင်း လာအိုကို ထောက်ခံကူညီသွားမည် ဖြစ်ကြောင်း၊ လာအိုနိုင်ငံ၏ ကုန်သွယ်မှုလိုငွေပြဿနာကို အကူအညီပေးရန် နှင့် လာအိုပြည်တွင်း ထုတ်လုပ်မှုကို အားပေးရန်အတွက် လာအိုထုတ်ကုန်များအား ဝယ်ယူမှုကို မြှင့်တင်သွားရန် အလေး ထားပြောကြားခဲ့ပါကြောင်း၊ နှစ်နိုင်ငံဝန်ကြီးဌာနအကြား ၈ ကြိမ်မြောက် ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အစည်းအဝေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

Source: www.bangkokpost.com  စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News