International News

ထိုင်းနိုင်ငံ၌ တာယာထုတ်လုပ်မှုကို မြှင့်တင်ရန် ဂျာမနီအခြေစိုက် Continental AG က ဘတ် ၁၃.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခဲ့ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့က ပြောကြားခဲ့

Last Updated:

ဂျာမနီနိုင်ငံ အခြေစိုက် Continental AG က ဘတ် ၁၃.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်ခဲ့သဖြင့် ထိုင်းနိုင်ငံ၌ ရာဘာထုတ်လုပ်မှုကို တိုးမြှင့်နိုင်မည်ဖြစ်သောကြောင့် ကမ္ဘာ့ဒုတိယ အကြီးဆုံး ရာဘာထုတ်လုပ်သူအဆင့်ကို ခိုင်မာစေမည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့၏ ပြောကြားချက်အရ သိရှိရပါသည်။

Continental Tyres (Thailand) က ရယောင်း၏ အရှေ့ဘက်ပြည်နယ်ရှိ ၎င်း၏ တာယာစက်ရုံ တွင် ဘတ် ၁၃.၄ ဘီလီယံ ရင်းနှီးမြှုပ်နှံမှု ပမာဏ တိုးမြှင့်၍ နှစ်စဉ် တာယာထုတ်လုပ်မှုတွင် အရည် အသွေးမြင့်တာယာ ၃ သန်း ထပ်တိုးထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး လျှောက်လွှာ ကို ဘုတ်အဖွဲ့က ခွင့်ပြုခဲ့ပါကြောင်း၊ တာယာထုတ်လုပ်မှုအများစုသည် ပို့ကုန်အတွက် ရည်ရွယ်ပါ ကြောင်း၊ စက်ရုံသစ်တည်ဆောက်ခြင်း၊ စက်ယန္တရားအသစ်များ တပ်ဆင်ခြင်းနှင့် ဝန်ထမ်း ၆၀၀ မှ ၁,၅၀၀ သို့ တိုးမြှင့်လိုက်ခြင်းတို့ကြောင့် ၁ နှစ်လျှင် တာယာထုတ်လုပ်မှုကို ၇.၈ သန်းထိ တိုးမြှင့်ထုတ် လုပ်သွားရန် မျှော်မှန်းထားပါကြောင်း၊ စက်ရုံကို ပြည်တွင်းထုတ်သဘာဝရာဘာမှ မော်တော်ဆိုင် ကယ်၊ Light Trucks၊ ခရီးသည်တင်ကားများနှင့် လျှပ်စစ်မော်တော်ကားတို့အတွက် တာယာ ထုတ်လုပ် ရန် အသုံးပြုမည်ဖြစ်ကြောင်း သိရှိရပါသည်။

Continental ၏ စက်ရုံတိုးချဲ့လိုက်မှုသည် ထိုင်းနိုင်ငံ၏ မော်တော်ကားစက်မှုအချက်အချာနှင့် ထိုင်းနိုင်ငံရှိ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်ချက်ကို အားဖြည့်ပေးပါကြောင်း၊ ၂၀၂၀ ပြည့် နှစ်မှစ၍ တာယာထုတ်လုပ်သူများ၏ ရင်းနှီးမြှုပ်နှံမှု လျှောက်လွှာ ၄၁ ခုရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၁၂ ဘီလီယံကျော် ရှိပါကြောင်း၊ Continental Tyres (Thailand) သည် ၂၀၀၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး ၄ ခုမြောက် အကြီးဆုံး တာယာထုတ်လုပ်သူဖြစ်ကြောင်း၊ ထိပ်တန်းတာယာ ထုတ် လုပ်သူများလည်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလျက်ရှိသဖြင့် တရုတ်ပြီးပါက ဒုတိယအကြီးဆုံး တာယာ ထုတ်လုပ်သူနှင့် ပို့ကုန်အခြေစိုက်နိုင်ငံ ဖြစ်စေပါကြောင်း ဘုတ်အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ် Mr. Narid Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် ရာဘာထုတ်လုပ်သူများမှာ ပြင်သစ်မှ Michelin၊ ဂျပန်မှ Bridgestone၊ Sumitomo Rubber နှင့် Yokohama Tire၊ အမေရိကန်မှ Goodyear၊ တရုတ်မှ Zhongshe Rubber၊ Prinx၊ Chengsham Tire၊ Linglong Tire နှင့် Century Tire တို့ ဖြစ်ကြောင်း၊ တာယာထုတ်လုပ်မှုသည် ထိုင်းနိုင်ငံ၏ မော်တော်ကားစက်မှုတွင် အရေးပါသော အခန်းကဏ္ဍ ဖြစ်ပါကြောင်း၊ ကမ္ဘာ့မော်တော်ကားထုတ်လုပ်သည့် နိုင်ငံများထဲတွင် တစ်ခုအပါအဝင်ဖြစ်သော ထိုင်းနိုင်ငံ သည် အရှေ့တောင်အာရှတွင် အဆင့် ၁ ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့

Category: International News