International News

ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက စက်သုံးဆီအပေါ်ကောက်ခံသည့် သဘာဝပတ်ဝန်း ကျင်ကာကွယ်ရေးအခွန်အား လာမည့်နှစ်အထိ ကောက်ခံခြင်းမပြုရန်အဆိုပြုထား

Last Updated:

       ဗီယက်နမ်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက စက်သုံးဆီဈေးနှုန်းများ တည်ငြိမ်မှုကို ထိန်းသိမ်းရန်အတွက် စက်သုံးဆီအပေါ်ကောက်ခံသည့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး အခွန်ကို ၂၀၂၄ ခုနှစ် ကောက်ခံခြင်းမပြုရန် အဆိုပြုထားကြောင်း The Sigon times အွန်လိုင်း သတင်း ဖော်ပြချက်အရ သိရှိရပါသည်။

          ဘဏ္ဍာရေးဝန်ကြီးဌာနသည် လာမည့်နှစ်အတွက် ဓာတ်ဆီ ၊ ရေနံဆီတို့အပေါ် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး အခွန်ဆိုင်ရာ အဆိုပြုထားချက် (မူကြမ်း)နှင့်ပတ်သက်၍ ထည့်သွင်း စဉ်းစား မှုများကိုဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အာဏာပိုင် များထံမှ သဘောထားအမြင်များ တောင်းခံထားသည်။

          သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ အကြံပြုချက်များကို စုစည်းပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အခွန်အကောက်ခြင်း ဆုံးဖြတ်ချက် မူကြမ်းကို အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီသို့ ပြန်လည်သုံးသပ်ရန် တင်ပြမည်ဖြစ် သည်။ ကော်မတီက အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို အတည်ပြုပါက အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီက ယခင်က အတည်ပြုခဲ့သည့် ဆုံးဖြတ်ချက်အမှတ် ၃၀/၂၀၂၂ တွင် ဖော်ပြ ထားသည့် လမ်းညွှန်ချက်များအတိုင်း အခွန်လျှော့ချခြင်းသည် မပြောင်းလဲဘဲရှိနေမည်ဖြစ်သည်။

          ဝန်ကြီးဌာနသည် စက်သုံးဆီအမျိုးအစား အမျိုးမျိုးအတွက် သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအခွန်ကို လျှော့ချရန် အဆိုပြုနေခြင်းဖြစ်ပြီး အဆိုပြုထားသည့် လျှော့ချမှုမှာ ဓာတ်ဆီနှင့် လေယာဉ်ဆီအတွက် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၂၀၀၀၊ ဒီဇယ်ဆီ တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၀၀၀၊  အကြီးစားလောင်စာဆီ၊ ချောဆီနှင့် ရေနံဆီအတွက် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၆၀၀ ဖြစ်ကြောင်းဖော်ပြထားပါသည်။

            လောင်စာဆီရောင်းချသည့် တစ်လီတာစီအတွက် ဖော်ပြထားသည့်ပမာဏကို သဘာဝ ပတ်ဝန်းကျင် ကာကွယ်ရေးအခွန်အဖြစ် ကောက်ခံမည်ဖြစ်ပြီး ယင်းသို့ အခွန်ကောက်ခံရခြင်း၏ ရည်ရွယ်ချက်မှာ ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော ထုတ်ကုန်များ အသုံးပြုခြင်းကို တားမြစ်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အစီအမံများအတွက် ရန်ပုံငွေ ကောက်ခံရန်ဖြစ်ကြောင်းသိရှိရပါသည်။

            ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှစတင်၍ အမျိုးသားလွှတ်တော် အမြဲတမ်းကော်မတီ၏ ဆုံးဖြတ်ချက် အမှတ် ၅၉၇/၂၀၁၈ နှင့်အညီ အခွန်နှုန်းကို ကျင့်သုံးမည်ဖြစ်သည်။

          သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအခွန်ကို လျှော့ချခြင်းဖြင့် လာမည့်နှစ်တွင် စက်သုံးဆီ ဈေးနှုန်းများ တည်ငြိမ်နေမည်ဟု မျှော်လင့်ရကြောင်း၊ ထို့ပြင် ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ရန် နှင့် မက်ခရိုစီးပွားရေးတည်ငြိမ်မှုကို ထိန်းသိမ်းရန် အတိုင်းအတာ တစ်ခုအထိ အထောက်အပံ့ ပေးမည်ဖြစ်ကြောင်း၊ အစိုးရသည် ထိုကဲ့သို့ အခွန်နှုန်းထားများ လျှော့ချခြင်းကြောင့် စက်သုံးဆီမှ အခွန်ငွေ တစ်နှစ်လျှင် VND 38,929 ဘီလီယံ လျော့နည်း ကောက်ခံဖွယ်ရှိကြောင်း ဝန်ကြီး ဌာနက ဖော်ပြခဲ့သည်။

Source : The Sigon times

( စီးပွားရေးသံမှူး၊ ဗီယက်နမ်)

 

 

Category: International News