International News

တရုတ်-ဗီယက်နမ်၊ တရုတ်-လာအို နိုင်ငံတကာအ‌အေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ရထား များ စတင်ပြေးဆွဲ

Last Updated:

          သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များ သယ်ဆောင်သည့်  နိုင်ငံတကာ အအေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ရထားနှစ်စင်းသည် တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ်မှ လာအိုနိုင်ငံ(တရုတ်-လာအို)နှင့် ဗီယက်နမ်နိုင်ငံ( တရုတ်-ဗီယက်နမ် )တို့သို့ အောက်တိုဘာ ၁၆ ရက် က စတင်ပြေးဆွဲနေပြီဖြစ်သည်။
          တရုတ်နိုင်ငံ Xinhua သတင်းဌာန၏ ဖော်ပြချက်အရ ကနဦးရထား ခရီးစဉ် နှစ်ခုသည် ယူနန်ပြည်နယ် Yuxi မြို့ရှိ Yanhe ဘူတာမှ စတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါရထားများသည် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့နှင့် ဗီယက်နမ်နိုင်ငံ လာအိုကိုင်မြို့တို့ကို တစ်ရက်ခန့် အကြာတွင် အဆိုပါရထားများ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
         လက်ရှိတွင် ယူနန်ပြည်နယ် ကူမင်းမှ ဗီယင်ကျန်းမြို့သို့ တရုတ်-လာအို နိုင်ငံတကာ အအေးကွင်းဆက် ကုန်စည်ပို့ဆောင်ရေး ရထားနေ့စဉ်ပြေးဆွဲရန် စီစဉ်ထားပြီး ကူမင်းနှင့် လာအို ကိုင်ကြား တစ်ပတ်လျှင် တစ်ကြိမ် ပြေးဆွဲရန် စီစဉ်ထားသည်။
        ဝန်ဆောင်မှုအော်ပရေတာဖြစ်သည့် China Railway Kunming Bureau Group Co., Ltd. မှ သုံးစွဲသူများ၏ လိုအပ်ချက်နှင့် လိုအပ်ချက်များအပေါ်အခြေခံ၍ အနာဂတ်တွင် သယ်ယူ ပို့ဆောင် ရေး ဝန်ဆောင်မှုများ၏ ကြိမ်နှုန်းကို ချိန်ညှိသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
      အဆိုပါ နိုင်ငံတကာ အအေးကွင်းဆက်ကုန်စည်ပို့ဆောင်ရေးရထားများ ပြေးဆွဲခြင်းဖြင့်  ရထားလမ်း ခရီးစဉ်အတွင်းပါဝင်သည့် ဒေသတွင်းနိုင်ငံများအတွက် ကမ္ဘာလုံးဆိုင်ရာ ဈေးကွက် များကို ရရှိစေနိုင်ပြီး ကုန်ပစ္စည်းထုတ်လုပ်သူ လုပ်ငန်းရှင်များအတွက် ထုတ်လုပ်မှု ကုန်ကျစရိတ် လျှော့ချစေနိုင်ခြင်း၊ သုံးစွဲသူများအတွက်လည်း သန့်ရှင်းလတ်ဆတ်သည့် ကုန်စည်များကို အသုံးပြုနိုင်ခြင်း၊ စိုက်ပျိုးရေး လုပ်ငန်းဆောင်ရွက်သူများအတွက်လည်း ကုန်ကျစရိတ်သက်သာ စွာဖြင့် အကျိုးအမြတ်ပိုမို ရရှိနိုင်ခြင်း၊ နိုင်ငံတကာကုန်သွယ်မှု အခွင့်အရေးများပေါ်ပေါက်၍ ကမ္ဘာ့ဈေးကွက်သို့ အလွယ်တကူ ဝင်ရောက်နိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်ကြောင်း သုံးသပ်တင်ပြရပါသည်။

Source : VNA
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဗီယက်နမ်)

Category: International News