International News

တရုတ်နိုင်ငံ၏ BRI အောက်ရှိ စိုက်ပျိုးရေးအကူအညီသည် ကမ္ဘာ့စိန်ခေါ်မှုများကို ကိုင်တွယ် ဖြေရှင်းရာ၌ အထောက်အကူဖြစ်စေလျက်ရှိ

Last Updated:

         Belt and Road Initiative (BRI) ၏ မူဘောင်အတွင်း စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှု သည် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းများကို မျှဝေရန်၊ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု လျှော့ချရန်နှင့် ကမ္ဘာ့စားနပ်ရိက္ခာ ဖူလုံနိုင်ရန် တို့အတွက် တရုတ်နိုင်ငံ၏ အရေးကြီးသော လမ်းကြောင်း တစ်ခုအဖြစ် ရပ်တည်လျက်ရှိပါသည်။ ယင်းမှာ မကြာသေးမီက ပြုလုပ်ခဲ့သော Belt and Road နိုင်ငံများအတွက် လယ်ယာထွက်ကုန် စျေးကွက်စနစ် တည်ဆောက်ခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြသည့် ကိုယ်စားလှယ်များ၏ အဓိက ဆွေးနွေးမှုတစ်ခု ဖြစ်ခဲ့သည်။

       ဖွံ့ဖြိုးဆဲနိုင်ငံ ရှစ်နိုင်ငံမှ ကိုယ်စားလှယ်များ အနေဖြင့် တရုတ်နိုင်ငံ၏ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားစီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးဗဟိုဌာနမှ ကြီးမှူး ကျင်းပသည့် ဆွေးနွေးပွဲ၌ တရုတ်နိုင်ငံနှင့် သက်ဆိုင်ရာနိုင်ငံ၏ စိုက်ပျိုးရေး ပူးပေါင်းဆောင် ရွက်မှုအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မျှဝေနိုင်ခဲ့သည်။

     ၂၀၁၃ ခုနှစ်မှစ၍ တရုတ်နိုင်ငံသည် အခြေခံအဆောက်အုံ၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု များ၌ ချိတ်ဆက်မှုများကို အားကောင်းလာစေရန် ရည်ရွယ်၍ နိုင်ငံတကာအဖွဲ့အစည်းများစွာ၊ နိုင်ငံပေါင်းများစွာတို့နှင့် စိုက်ပျိုးရေးပူးပေါင်းဆောင်ရွက်များကို BRI မှတစ်ဆင့် ထူထောင်နိုင်ခဲ့သည်။

     BRI အောက်တွင် တရုတ်နိုင်ငံသည် အီသီယိုးပီးယား၌ ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်နိုင်ခဲ့ပြီး အီသီယိုးပီးယာနိုင်ငံ၏ စိုက်ပျိုးရေးထွက်ကုန်များ တိုးမြှင့်ရန်နှင့် စိုက်ပျိုးရေးကဏ္ဍနှင့် ကျေးလက် ဖွံ့ဖြိုးမှုကို မြှင့်တင်ရန်အတွက် နည်းပညာဆိုင်ရာ အသိပညာများစွာ လွှဲပြောင်းပေးခဲ့ကြောင်း နှီးနှောဖလှယ်ပွဲတွင် အီသီယိုးပီးယားမှ ပါဝင်တက်ရောက်သူများက ဆွေးနွေးခဲ့သည်။

      လက်ရှိတွင် နိုင်ငံနှင့် ဒေသပေါင်း ၇၀ ကျော်သို့ စိုက်ပျိုးရေးကျွမ်းကျင်သူများနှင့် ပညာရှင် နှစ်ထောင်ကျော် စေလွှတ်ပြီး တရုတ်နိုင်ငံမှ တီထွင်ထားသည့် မှိုစိုက်ပျိုးနည်းလမ်း Juncao ကဲ့သို့သော စိုက်ပျိုးရေးနည်းပညာ ၁,၅၀၀ ကျော်နှင့် စပ်မျိုးစပါးများကို နိုင်ငံအများအပြားသို့ မိတ်ဆက်ပေးနိုင်ခဲ့သည်။

           တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုသည် မိတ်ဖက်နိုင်ငံများ၏ စိုက်ပျိုးရေးကဏ္ဍများတွင် အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ရှိပြီး နှစ်စဉ် ကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၃၉ ဒဿမ ၄ ဘီလီယံအထိ ရှိလာသဖြင့် စီးပွားရေးနှင့် ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်မှုသည်လည်း တဖြည်းဖြည်း နက်ရှိုင်းလာခဲ့ကြောင်း တရုတ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Ma Youxiang က ပြောကြားခဲ့သည်။

   ပြင်းထန်သော ရာသီဥတုဖြစ်ရပ်များ၊ ကပ်ရောဂါဆိုင်ရာ အနှောင့်အယှက်များနှင့် ပထဝီ နိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများ အပါအဝင် စိန်ခေါ်မှုများနှင့် ပြည့်နှက်နေသည့် ကာလများအတွင်း ဖြစ်ပေါ်လာသည့် ပူးပေါင်းဆောင်ရွက်မှုများမှ အပြန်အလှန်အကျိုးအမြတ်များကို ဖော်ဆောင်လာ နိုင်ခဲ့ပါသည်။

         BRI ၏ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံများအနေဖြင့် ယင်းအခက်အခဲ များကို ကျော်လွှားပြီး စပါးရိတ်သိမ်းမှုများနှင့် ဆင်းရဲမွဲတေမှု လျှော့ချခြင်းများကို ဆောင်ရွက် လာနိုင်ခဲ့ကြောင်း၊ ချိတ်ဆက်မှု၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပံ့ပိုးကူညီမှု၊ ငွေကြေး ပေါင်းစည်းမှုနှင့် ဖလှယ်မှု မြှင့်တင်ရေးကဏ္ဍများ၌ စိုက်ပျိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုပြုလုပ်သွားလိုကြောင်း ဆွေးနွေးပွဲ ထုတ်ပြန်ချက်အရ သိရှိရသည်။

အရင်းမြစ်။ https://news.cgtn.com/news/2023-10-19/China-s-agricultural-aid-under-BRI-helps-tackle-global-challenges--1o28H8XrkS4/index.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ တရုတ်နိုင်ငံ၊ ကူမင်းမြို့။

Category: International News