International News

အမေရိကန်အစိုးရသည် NSTC ကျွမ်းကျင်အလုပ်သမားစင်တာဖွင့်လှစ်ခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း (၂၅၀) ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထား

Last Updated:

အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အမျိုးသားတစ်ပိုင်းလျှပ်ကူးပစ္စည်း နည်းပညာစင်တာ (National Semiconductor Technology Center, NSTC)အောက်တွင် ကျွမ်းကျင် အလုပ်သမားများစင်တာ (Workforce Center of Excellence, WCoE) ကို တည် ထောင်ကြောင်း ၂၅-၉-၂၀၂၄ ရက်တွင် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါကျွမ်းကျင် အလုပ်သမားများစင်တာသည် တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ထုတ်လုပ်သည့်လုပ်ငန်းများ ကြုံတွေ့နေရသော အလုပ်သမားများဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာပြဿနာကို ဖြေရှင်းရန်အတွက် ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် နည်းပညာမြင့်မားသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း ဝယ်လိုအားအဆမတန်မြင့်မားလာမှုကို ကြုံတွေ့ရလျက်ရှိပြီး အမေရိကန်နိုင်ငံအနေဖြင့် အဓိကအရေးပါသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်း နည်းပညာကဏ္ဍ ၌ ကမ္ဘာ့ဦးဆောင်နိုင်ငံဖြစ်လာစေရန်အတွက် ကျွမ်းကျင်ပြီးခေတ်နှင့်လျှော်ညီစွာ လုပ်ဆောင်နိုင်စွမ်းရှိသည့် အလုပ်သမားထုတစ်ရပ်မွေးထုတ်နိုင်ရန် WCoE စင်တာကိုတည်ထောင်ခြင်းဖြစ်ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် အမေရိကန်နိုင်ငံသားများကို လုပ်ခလစာကောင်းမွန်သည့်အလုပ်များနှင့် ချိတ်ဆက်ပေးနိုင်ရန်ဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံရှိ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် CHIPS ကဏ္ဍရှိ အလုပ်သမားများ၏ စွမ်းဆောင်ရည်တိုးတက်လာစေရန် ကြိုးပမ်းဆောင်ရွက်မှုအဖြစ် WCoE စင်တာအနေဖြင့် အမေရိကန် နိုင်ငံအတွင်းရှိ ပုဂ္ဂလိကကဏ္ဍ၊ အစိုးရ၊ အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းများ၊ သင်တန်းကျောင်းများ၊ လူမှုအသိုင်းအဝိုင်းနှင့် နည်းပညာကောလိပ်၊ တက္ကသိုလ်နှင့် အလုပ်သမားသမဂ္ဂတို့ကို စုစည်း၍ နည်းပညာလုပ်ငန်းများကြုံတွေ့နေရသည့် စိန်ခေါ်မှုများအတွက် အဖြေရှာခြင်း၊ နည်းလမ်းကောင်းများကိုတိုးမြှင့်ကျင့်သုံးခြင်း၊ အလုပ်အကိုင်ကောင်းများ တိုးတက်လာစေရန်အတွက် မျိုးဆက်သစ်လူငယ် တစ်ပိုင်းလျှပ်ကူးပစ္စည်းသုတေသီများ၊ အင်ဂျင်နီယာများနှင့် နည်းပညာရှင်များကို သင်တန်းပို့ချပေးခြင်းနှင့် အလုပ်အကိုင်ခန့်ထားခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် WCoE စင်တာတွင် (၁၀)နှစ်အတွင်း အမေရိကန်ဒေါ်လာ သန်း (၂၅၀) အထိ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ

Category: International News