တင်သွင်းလာသော Shine Muscat စပျစ်သီးများ၏ နမူနာပုံစံအချို့ကို ဓာတ်ခွဲစစ်ဆေးပြီး နောက် အန္တရာယ်ရှိသော ဓာတုပစ္စည်းများ ပါဝင်သည်ဟု ရလဒ်ထွက်ပေါ်လာခဲ့သဖြင့် တင်သွင်းသူ များကို အရေးယူဆောင်ရွက်ပေးရန် ထိုင်းစားသုံးသူကောင်စီက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနကို တိုက်တွန်းခဲ့ကြောင်း သိရှိရပါသည်။
Shine Muscat စပျစ်သီး နမူနာ ၂၄ ခုအနက် ၂၃ ခုကို စစ်ဆေးခဲ့ရာ အန္တရာယ်ရှိသော ဓာတု ဓာတ်ကြွင်းများသည် လက်ခံနိုင်သည့် ပမာဏထက်ကျော်လွန်နေပါကြောင်း၊ အချို့မှာ လုံခြုံစိတ်ချရ သော အစားအစာဥပဒေများမှ ပိတ်ပင်ထားသော Chlopyrifos နှင့် endrin aldehyde တို့ ဖြစ်ကြောင်း၊ အဆိုပါ စပျစ်သီးများကို တင်သွင်းလာသည့် သူများအား ဥပဒေအရ အရေးယူဆောင်ရွက်သင့်ကြောင်း၊ တင်သွင်းလာပြီး မဖြန်ဖြူးရသေးပါက ဖျက်စီးသင့်ကြောင်း၊ တင်သွင်းသူများအနေဖြင့် ယင်းတို့၏ စပျစ်သီးများကို ပြန်လည်ရုတ်သိမ်းစေလိုကြောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန အနေဖြင့် တင်သွင်းလာသော ကုမ္ပဏီများကို ပိတ်ပင်ရန် တောင်းဆိုလိုကြောင်း၊ ကောင်စီသည် နမူနာ ပုံစံများကို အွန်လိုင်း Shop များ၊ သစ်သီးဆိုင်များ၊ သာမာန်ဈေးဆိုင်များမှ ဝယ်ယူခဲ့ပါကြောင်း၊ ဓာတ်ခွဲစစ်ဆေးမှုရလဒ်အရ အန္တရာယ်ရှိသော ဓာတုပစ္စည်း ၁၄ မျိုးသည် စိတ်ချရသော သတ်မှတ်ချက် ၁ ကီလိုဂရမ်လျှင် ၀.၀၁ မီလီဂရမ်ထက် ကျော်လွန်နေသော ပြင်းထန်သည့် အဆင့်တွင်ရှိနေပါကြောင်း ကောင်စီ အထွေထွေ အတွင်းရေးမှူးချုပ် Ms. Saree Anongsomwang က ပြောကြားခဲ့ပါသည်။
တွေ့ရှိသည် ဓာတုဓာတ်ကြွင်းစုစုပေါင်း အမျိုးအစား ၅၀ မျိုးဖြစ်ပြီး Triasulfuron၊ Cyflume-tofen၊ Tetraconazole နှင့် fuldioxonil စသည့် ၂၂ မျိုးသည် လက်ရှိကျင့်သုံးနေသော ဥပဒေနှင့် ထိန်း ချုပ်ထားခြင်းမရှိသေးပါကြောင်း၊ ၃၆ မျိုးသည် လုံခြုံစိတ်ချရသော ပမာဏထက်မကျော် လွန်ဘဲ ၁၄ မျိုးသည် သတင်းအချက်အလက်မရှိသဖြင့် စောင့်ကြည့်စာရင်းတွင်လည်းမရှိပါကြောင်း၊ စားသုံးသူများ အနေဖြင့် သစ်သီးများကို မစားသုံးမီသေချာစွာကြည့်ရှုရန် လိုအပ်ပါကြောင်း၊ ဦးစီးဌာနအနေဖြင့် စားသုံးသူများ၏ လုံခြုံစိတ်ချရမှုကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး သွင်းကုန်များတွင် အန္တရာယ် တွေ့ရှိရပါက တင်သွင်းသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဦးစီးဌာန အထွေထွေအတွင်းရေးမှူးချုပ် Dr. Surachoke Tangwiwat က ဆက်လက်ပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com ၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။