International News

ဖေ့စ်ဘွတ်ခ်တွင် ဥပဒေနှင့်ညီညွတ်မှုမရှိစွာ ရောင်းချနေသည့် ကုန်သည်များအား ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှဖယ်ရှား

Last Updated:

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှတစ်ဆင့် ဥပဒေနှင့်ညီညွတ်မှုမရှိပဲ ကုန်ပစ္စည်းများအား ရောင်းချနေ သော ဖိလစ်ပိုင်အခြေပြုရောင်းချသူ အနည်းဆုံး ၃၇ ဦးခန့်ရှိကြောင်းနှင့် ၎င်းတို့သည် လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်အတုများဖြင့် ရောင်းချသည့်ကုန်ပစ္စည်းများအား သတ်မှတ် ဈေးနှုန်းများ ဖော်ပြထားခြင်းမရှိကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။

အဆိုပါ ကုန်သည်များသည် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ အွန်လိုင်းမှ ရောင်းဝယ်ခြင်းအား တရားဝင်လုပ်ငန်းဖြစ်စေရန် ရှေ့ပြေးဆောင်ရွက်နေသည့် အစီအစဉ်ဖြစ်သည့် ရက်သတ္တပတ်တာ ကာလအတွင်းဖော်ပြခံရခြင်းသာဖြစ်ကြောင်းနှင့် အွန်လိုင်းပလက်ဖောင်းမှ ရောင်းဝယ်ခြင်းဆိုင်ရာပြသနာများထဲမှ အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

လုပ်ငန်းလိုင်စင် အတုများဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစွာကို တွေ့ရှိရပါကြောင်း၊ စာရွက်စာတမ်းအတုများဖြင့် တင်ပြလျှောက်ထားခြင်းများဖြစ်ကြောင်း စားသုံးသူမူဝါဒရေးရာ ဌာန၏ ဒါရိုက်တာဖြစ်သူ Marcus Valdez II မှ  ရေဒီယိုအစီအစဉ်တစ်ခုတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ယခုကဲ့သို့သော ဖြစ်စဉ်များကို ကိုးကားပြီး ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနသည် ဖိလစ်ပိုင်အမျိုးသားရဲတပ်ဖွဲ့နှင့် တိုက်ရိုက်ပူးပေါင်းပြီး လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင် အတုများအသုံးပြုပြီး အွန်လိုင်းတွင် ဈေးရောင်းချနေသည့် လုပ်ငန်းများအား အရှိန်အဟုန်မြှင့်၍ ဖမ်းဆီးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။

ဖေ့စ်ဘွတ်ခ်အပြင် Lazada, Shopee, Carousell, Tiktok နှင့် Instagram အပါအဝင် အခြား အွန်လိုင်းပလက်ဖောင်းများမှတစ်ဆင့် ရောင်းချနေခြင်းများလည်းရှိကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ နှစ် ၃၀ ကျော်သက်တမ်းရှိ စားသုံးသူအကာအကွယ်ပေးရေးဥပဒေကိုလည်း ပြင်ဆင်သွားနိုင်ရန် မျှော်လင့်ပါကြောင်းနှင့် ဥပဒေတွင်အင်တာနက်အသုံးပြုဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍အမြန်ဆုံး သိရှိနိုင်မည့် စုံစမ်းမှုများဆိုင်ရာစာပိုဒ်အား ထည့်သွင်းသွားရန်ဖြစ်ပြီး သို့မှသာ ဒီဂျစ်တယ်စနစ်အသုံးပြုမှုများအတွက် အရှိန်မြင့်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းသတင်းတွင်ဖော်ပြပါရှိပါသည်။

ယခုဖော်ပြထားသည့် ဆောင်ရွက်မည့်အစီအစဉ်နှစ်ခုအား ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဟု ဇူလိုင်လအတွင်း ပြောကြားမည့် နိုင်ငံတော်အခြေပြမိန့်ခွန်းထဲတွင် ထည့်သွင်းသွားရန် မျှော်လင့်ပါကြောင်း၊ သမ္မတပြောကြားခဲ့သည့်အတိုင်း လုပ်ငန်းများပြီးစီးအောင် လူတိုင်း အလျင်အမြန် ပါဝင်၍ ပူးပေါင်းဆောင်ရွက်သွားရန်ဖြစ်ကြောင်း စားသုံးသူအကာအကွယ်ပေးရေးဌာန အကြီးအကဲမှ ပြောကြားခဲ့ပါသည်။

 

 

 

Source;https://business.inquirer.net/408112/dti-sweeps-fb-marketplace-for-noncompliant- merchants

(စီးပွားရေးသံမှူး၊မနီလာမြို့)
 

Category: International News