Local News

ချင်းရွှေဟော် မိန်းတိန်နယ်စပ်ကုန်သွယ်မှုအခြေအနေ

Last Updated:

          တစ်ဖက်နိုင်ငံ၊ တရုတ်ပြည်တွင် ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့အထိ ဆန်မာတစ်အိတ်လျှင် (၁၄၅)ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် (၁၆၀)ယွမ်၊ ဆန်ကွဲတစ်အိတ်လျှင်(၁၅၅)ယွမ်နှင့် ပြောင်း တစ်အိတ် လျှင် (၁၁၅)ယွမ်ဈေး ပေါက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

          တစ်ဖက်နိုင်ငံ ချင်းရွှေဟော်မြို့တွင် ကိုဗစ်-၁၉ရောဂါပိုး အတည်ပြုလူနာတွေ့ရှိရသဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်(နမ့်ဖာဟော်)ကို ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ (၂၄)ရက်နေ့မှစ၍ တရုတ်နိုင်ငံမှ ယာယီပိတ်ထားခဲ့ရာမှ နမ့်ဖာဟော်တံတားကို ၂၀၂၂ခုနှစ်၊ မတ်လ(၂၂)ရက်နေ့တွင် ပြန်လည်ဖွင့်လှစ် ဆောင်ရွက်နိုင်ခဲ့သဖြင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ခဲ့သည်။ သို့ရာတွင်နှစ်နိုင်ငံ လူအဝင်အထွက်အား တစ်ဖက်နိုင်ငံမှ ခွင့်ပြုထားခြင်းမရှိသေးသည့်အတွက် ယာဉ်မောင်းများသည်နမ့်ဖာဟော် တံတားပေါ်တွင် ယာဉ်ချိန်းပြောင်းသည့်စနစ်ဖြင့် မောင်းနှင်ခဲ့ရသည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃) ရက်နေ့ (၁၀:၀၀) အချိန်တွင် နှစ်နိုင်ငံ လူအဝင်/အထွက်အား ပြန်လည် ဖွင့်လှစ်ခဲ့သည်။

          ၂၀၂၃ ခုနှစ်၊ ဇွန်လ(၂၅)ရက်နေ့ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁၀၀)လျှင် တရုတ်ယွမ် (၀.၂၃၆) ယွမ်ဖြစ်ပြီး၊ (၁)ယွမ်လျှင် (၄၂၄) ကျပ်ရှိကြောင်း၊ ၁၆ ပဲ အခေါက်ရွှေ (၁)ကျပ်သား (၇၃၄၉.၃၉) ယွမ်၊ မြန်မာငွေကျပ် (၃၁၁၆၀၀၀) ရှိကြောင်း သိရှိရသည်။

        ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း၏ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှ ဇွန်လ(၂၃) ရက်နေ့အထိ တစ်ပတ်အတွင်း အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်း (၁၀)မျိုးမှာ ရော်ဘာ (၁၇၀၈.၇၅၀) တန်၊ တန်ဖိုး (၂.၀၇၀) ဒေါ်လာသန်း၊ ပဲတီစိမ်း (၃၀၀၂.၀၀၀) တန်၊ တန်ဖိုး (၁.၉၅၇) ဒေါ်လာသန်း၊ မြေထောက်ပဲ (၅၁၀.၀၀၀) တန်၊ တန်ဖိုး (၀.၇၃၆) ဒေါ်လာသန်း၊ ပဲယင်း (၆၇၉.၅၀၀)တန်၊ တန်ဖိုး (၀.၅၈၁) ဒေါ်လာသန်း၊ ဆန်ကွဲ (၁၄၇၃.၀၀၀) တန်၊ တန်ဖိုး (၀.၅၅၂) ဒေါ်လာသန်း၊ ရော်ဘာကြမ်း (၇၀၀.၅၀၀)တန်၊ (၀.၅၂၀) ဒေါ်လာသန်း၊ စွန်တာနီပဲ (၄၄၂.၂၅၀)တန်၊ (၀.၂၆၇) ဒေါ်လာသန်း၊ ထောပတ်ပဲ (၂၂၁.၂၅၀) တန်၊တန်ဖိုး (၀.၂၃၈)ဒေါ်လာသန်း၊ နိုင်လွန်ပဲ (၁၁၉.၅၀၀)တန်၊ တန်ဖိုး (၀.၀၇၆)ဒေါ်လာသန်း၊ ပဲနီကြား (၆၇.၉၈၀)တန်၊ တန်ဖိုး (၀.၀၃၈) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့သည်။

          အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ  (၅.၀၀၉)ဒေါ်လာသန်း၊ ချည်ထည်များ(၄.၀၄၄)ဒေါ်လာသန်း၊ ဓာတ်မြေဩဇာများ(၁.၆၁၅) ဒေါ်လာသန်း၊ လုပ်ငန်းသုံးကုန်ကြမ်းအခြားပစ္စည်း (၁.၅၂၂)ဒေါ်လာသန်း၊ ဇာနှင့်ဇာထိုးထားသော အထည်အလိပ်များ (၀.၇၉၅)ဒေါ်လာသန်း၊သံနှင့်သံမဏိပစ္စည်းများ (၀.၅၀၀) ဒေါ်လာသန်း၊ စက်နှင့်စက် ပစ္စည်းများ (၀.၄၅၈) ဒေါ်လာသန်း၊ ဓာတုဗေဒချည်ခင်များ (၀.၄၅၄)ဒေါ်လာသန်း၊ လူသုံးကုန်အခြားပစ္စည်းများ (၀.၄၂၅) ဒေါ်လာသန်းနှင့် အချိုမှု့န် (၀.၃၆၄) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့သည်။

          ကုန်စည်သယ်ယူစရိတ်အနေဖြင့် မန္တလေးမှ ချင်းရွှေဟော်သို့ ယခုအပတ်တွင် အတက်ကုန်ကားခ တစ်ပိဿာလျှင် (၈၁) ကျပ်ရှိကြောင်း သိရှိရသည်။ အဆင်းကုန် ကုန်ကျစ်ကားခ တစ်ပိဿာလျှင် (၁၇၉)ကျပ်၊ ကုန်ပွကားခ တစ်ပိဿာလျှင် (၁၆၃) ကျပ်ရှိကြောင်း သိရသည်။ လယ်ယာထွက် ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်းမှာ ဆန် (၄၅၇) ဒေါ်လာနှုန်း၊ ဆန်ကွဲ (၄၄၂) ဒေါ်လာနှုန်း၊ ပဲတီစိမ်း (၈၄၂) ဒေါ်လာနှုန်း၊ မြေထောက်ပဲ (၁၁၄၂) ဒေါ်လာနှုန်း၊ ပဲလွန်းဖြူ (၆၇၁) ဒေါ်လာနှုန်း၊ ပြောင်း (၃၂၈) ဒေါ်လာနှုန်း၊ နှမ်း (၁၇၁၄) ဒေါ်လာနှုန်း၊ ရော်ဘာ (၁၁၄၂) ဒေါ်လာနှုန်း၊ ငရုတ်အစို (၇၁၄) ဒေါ်လာနှုန်း၊ ငရုတ်ခြောက် (၁၂၈၅) ဒေါ်လာနှုန်းရှိခဲ့ကြောင်း သိရှိရသည်။ မန္တလေး၊ လားရှိုး၊ သိန္ဒီ၊ ကွမ်းလုံ၊ ချင်းရွှေဟော်ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်ပြီး ပို့ကုန်ယာဉ်၊ သွင်းကုန်ယာဉ်များ လွယ်ကူချောမွေ့စွာ သွားလာနိုင်ကြောင်း သိရှိရသည်။

Source: https://commerce.gov.mm           

Category: Local News