International News

ဂျက်လေယာဉ်အသစ်များ ငှားရမ်းပြေးဆွဲလျက်ရှိသော်လည်း လေကြောင်းခရီးစဉ်များပြည့်နေဆဲ

Last Updated:

ဗီယက်နမ်လေကြောင်းလိုင်းများသည် လာမည့်လ နှစ်သစ်ကူးအားလပ်ရက်အတွင်း ခရီးသွားလာမှု မြင့်မားနေသည့်အတွက် ပြီးခဲ့သည့်လတွင် လေယာဉ် ၁၂ စင်းကို ငှားရမ်းပြေးဆွဲလျက်ရှိသော်လည်း လမ်းကြောင်းအများစုအတွက် လက်မှတ်များ ရောင်းကုန်နေပြီဖြစ်ကြောင်း သိရှိရပါသည်။

လာမည့်ကြာသပတေးနေ့တွင် စတင်မည့် ခုနစ်ရက်ကြာ Tet အားလပ်ရက်အတွက် ရည်ရွယ်၍ VietJet သည် ပြီးခဲ့သည့် လေးပတ်အတွင်း လေယာဉ်ခြောက်စင်းကို ငှားရမ်းခဲ့ပြီး ခရီးစဉ်အရေ အတွက် ၇၅၀ သို့မဟုတ် ခရီးသည် ၁၅၄,၈၀၀ အတွက် တိုးမြှင့်ခဲ့သည်။

ဗီယက်နမ်လေကြောင်းလိုင်းသည် အားလပ်ရက်ရာသီအတွင်း ပျံသန်းမှု အကြိမ်ရေ ၁၀၀၀ တိုးမြှင့်ရန် လေယာဉ်နှင့် အမှုထမ်းများအပါအဝင် ကိုယ်ထည်ကျဉ်း အဲဘတ်စ် A320 ဂျက် လေယာဉ် (၄) စီးအား ငှားရမ်းခဲ့သည်။

Bamboo Airways သည် ပြီးခဲ့သည့်လ အစောပိုင်းက A320 လေယာဉ်နှင့် လေယာဉ်အမှုထမ်းများအပါအဝင် ဂျက်လေယာဉ်နှစ်စီးကို ငှားရမ်းခဲ့ကြောင်း၊ သို့သော်မွေးရပ်မြေသို့ မိသားစုနှင့် တွေ့ဆုံရန် ပြန်ကြသည့်အတွက် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်ပိုင်းတွင် အချို့သော လေကြောင်းများသည် ဖေဖော်ဝါရီလ ၆ ရက်မှ ၈ ရက်အတွင်း ခရီးစဉ်များ ၁၀၀ ရာခိုင်နှုန်း ပြည့်သွားပြီဖြစ်ကြောင်း သိရှိရသည်။ 

လက်ရှိပြည့်သွားသော လေကြောင်းလမ်းများမှာ ဟနွိုင်းနှင့် မြောက်ပိုင်းခရိုင် Dien Bien၊ ဟိုချီမင်းနှင့် Buon Ma Thuot ၊ Hue နှင့် အလယ်ပိုင်းဒေသ Quy Nhon တို့ဖြစ်ကြသည်။

နှစ်သစ်ကူးအားလပ်ရက်အပြီးအနေဖြင့် Buon Ma Thuot နှင့် Quy Nhon မှ ဖေဖော်ဝါရီလ ၁၂ ရက်နှင့် ၁၃ ရက်ရှိ လေယာဉ်ခရီးစဉ်များသည် ပြည့်သွားပြီးဖြစ်ကြောင်း၊ HCMC သို့ Thanh Hoa နှင့် Hai Phong သို့ လမ်းကြောင်းအချို့မှာမူ ၉၀ ရာခိုင်နှုန်း ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

ဟနွိုင်းနှင့် ဟိုချီမင်းသို့ ပျံသန်းသည့် လမ်းကြောင်းတွင် ပျံသန်းမှု အရေအတွက် များပြားခြင်းကြောင့် စီးနင်းသူ ၈၂ ရာခိုင်နှုန်း ဝန်းကျင်ခန့်ရှိကြောင်း၊ လက်မှတ်စျေးနှုန်းသည် တစ်ကြောင်းလျှင် ဗီယက်နမ်ဒေါင် ၃.၂ မှ ၃.၄ သန်း (ဒေါ်လာ ၁၃၁-၁၃၉) ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

Bamboo Airways သည် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းမှစတင်၍ ၎င်း၏ ဂျက်လေယာဉ်အစီးရေ ၂၀ ကို လျှော့ချခဲ့ပြီး Pacific လေကြောင်းလိုင်းသည်လည်း ၎င်း၏ လေယာဉ်ခရီးစဉ်များကို လျှော့ချခဲ့ကြောင်း ဖော်ပြထားသည်။ ဗီယက်နမ်လေကြောင်းလိုင်းသည် ထုတ်လုပ်သူ Pratt & Whitney ထံမှ အင်ဂျင်စစ်ဆေးမှုနှင့် ပတ်သက်၍ အရေးပေါ် သတိပေးချက်ကို ရရှိပြီးနောက် A321 NEO ဂျက် လေယာဉ်အချို့ကို ပိတ်သိမ်းခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source : VN Express international

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News