International News

ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းမှုအပြီး စက်သုံးဆီဈေးနှုန်းများ မြှင့်တက်

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့သည် ဖေဖော်ဝါရီ လ ၁ ရက် မွန်းလွဲ ၃ နာရီမှ စတင်ကာ စက်သုံးဆီ လက်လီလက်ကား စျေးနှုန်းများ ပြန်လည်ပြင်ဆင်ခဲ့ကြောင်း Vietnam plus အွန်လိုင်းသတင်းတွင် ဖော်ပြထားပါသည်။

95 ဓာတ်ဆီဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၇၅၃ တက်သွားပြီး ၂၄,၁၆၀ (အမေရိကန်ဒေါ်လာ ၀.၉၈) ရောက်ရှိသွားကြောင်း၊  Ron 92 တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၇၄၂ သို့တက်သွားကာ ဗီယက်နမ်ဒေါင် ၂၂,၉၁၃ သို့ မြင့်တက်သွားကြောင်းသိရှိရပါသည်။

ဒီဇယ်ဆီဈေးနှုန်းမှာ ဗီယက်နမ်ဒေါင် ၂၂,၉၉၉ ကျသင့်ပြီး ရေနံဆီဈေးနှုန်းများမှာ တစ်လီတာလျှင် ဗီယက်နမ် ဒေါင် ၂၀,၂၉၃ ဖြစ်ပြီး 0.05 $ တက်သွားကြောင်း တွေ့ရှိရပါသည်။ တစ်ချိန်တည်းတွင် mazut ဆီသည် တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၆,၀၈၇‌ ထက်မပိုသော ဈေးနှုန်းဖြင့် ရောင်းချရန်ဖြစ်ပြီး ဗီယက်နမ်ဒေါင် ၅၉၃ တိုးလာပါသည်။

ယခုနှစ်အစပိုင်းမှစတင်၍ ဝန်ကြီးဌာနနှစ်ခု ညှိနှိုင်းမှု(၅) ကြိမ်ပြုလုပ်ခဲ့ပြီး ဈေးနှုန်း (၄) ကြိမ် မြင့်တက်ပြီး (၁) ကြိမ် ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

 

 

Source: Viet Nam Plus

(စီးပွားရေးသံမှူး၊ ဗီယက်နမ်)

 

Category: International News