International News

ကိုရီးယား လျှပ်စစ်မော်တော်ယာဉ် (Electric Vehicle-EV) ထုတ်လုပ်သူများက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအတွက် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment-BoI) နှင့် ဆွေး နွေးသွားမည်ဖြစ်

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ရှေ့ဆောင် e-mobility မြို့ဖြစ်သော Yeonggwang-gun ၏ မြို့တော် ဝန် Kang Jong-man နှင့် EV ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ EV မော်တော်ဆိုင်ကယ်ထုတ်လုပ်သူများ နှင့် EV လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ပစ္စည်း ထုတ်လုပ်သူများသည် ထိုင်းနိုင်ငံအတွင်း EV ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရေးတို့နှင့်စပ်လျဉ်း၍ ထိုင်း နိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပါကြောင်း ဘုတ်အဖွဲ့၏ အထွေထွေအတွင်းရေးမှူးချုပ် ဖြစ်သူ Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ဘုတ်အဖွဲ့အနေဖြင့် ကိုရီးယား ရင်းနှီးမြှုပ်နှံသူများအား S-curve စက်မှုဇုန်နှင့် EEC တွင် ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ ၂၀၂၃ ခုနှစ် မေလအတွင်း ဘုတ်အဖွဲ့မှဦးဆောင်၍ ကိုရီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် Roadshow တွင် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး မဟာဗျူဟာ (၂၀၂၃-၂၀၂၇) အောက်မှ ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ခဲ့ပါကြောင်း၊ ဘုတ်အဖွဲ့အနေဖြင့် EV များ၊ BCG စီးပွားရေး ပုံစံ၊ စမတ် အီလက်ထရောနစ်၊ ဒီဂျစ်တယ်နှင့် ဆေးဝါးပစ္စည်းများနှင့်စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုများကို အဓိက ထားမြှင့်တင်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

ထိုင်းနိုင်ငံသည် အာဆီယံတွင်း၌ မော်တော်ယာဉ် ထုတ်လုပ်ရေး အခြေစိုက်အဖြစ် ခိုင်မာသောထောက်ပံ့မှုကွင်းဆက်များနှင့် ထောက်ပံ့ပို့ဆောင်ရေးများ ရှိပါကြောင်း၊ ယင်းကြောင့် ကိုရီးယားရင်းနှီး မြှုပ်နှံသူများသည် EV စက်မှုအတွက် စိတ်ဝင်စားမှုရှိပါကြောင်း၊ EV ကဏ္ဍကို ထောက်ပံ့ပေးမည့် အစိုးရ၏ ခိုင်မာသော အစီအမံများလည်းရှိပါကြောင်း၊ EV ကားများနှင့် ဘတ္တရီထုတ်လုပ်ခြင်းအတွက် Subsidy မူဝါဒများလည်း ရှိကြောင်း Mr. Narit က ဖြည့်စွက်ပြောကြားပါသည်။

၂၀၁၈ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ကိုရီးယား ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ၁၄၄ ခုရှိပြီး ဘတ် ၅၈ ဘီလီယံဖြစ်ကြောင်း၊ အများစုမှာ အိမ်သုံးပစ္စည်းများ၊ အီလက်ထရောနစ်များ၊ မော်တော်ယာဉ် အစိတ် အပိုင်းများ၊ သံမဏိနှင့် သတ္တုနှင့် ဒီဂျစ်တယ် လုပ်ငန်းများ ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၆ လအတွင်း မော်တော်ယာဉ်နှင့် အစိတ်အပိုင်းလုပ်ငန်းများအတွက် အဆိုပြုလွှာ ၈၀ ခု ရှိခဲ့ပြီး ဘတ် ၁၉.၆ ဘီလီယံ ဖြစ်ကြောင်း၊ တာယာများ၊ ဝင်ရိုးများနှင့် EV များအတွက် လျှပ်စစ်အားသွင်းရုံများ ဖြစ်ကြောင်း သိရှိရပါသည်။

ကိုရီးယားနိုင်ငံသည် EV နှင့် မော်တော်ယာဉ်စက်မှုကဏ္ဍတွင် ကမ္ဘာ့ထိပ်တန်းနိုင်ငံဖြစ်ကြောင်း၊ Hyundai Motor Group နှင့် Kia Motors Corporation တို့သည် အဓိက ထုတ်လုပ်သူများဖြစ်ကြောင်း သိရှိရပါသည်။ 

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News