International News

၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်လိုငွေ ၄၈.၁ ဘီလီယံရှိမည်ဟု ဟောင်ကောင်ဒေသ အစိုးရ ခန့်မှန်း

Last Updated:

၂၀၂၃-၂၄ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်လိုငွေ ဟောင်ကောင်ဒေါ်လာ  ၁၀၁.၆  ဘီလီယံနှင့် ဟောင်ကောင်ဒေသ၏ အရန်ငွေကြေးမှာ ဟောင်ကောင်ဒေါ်လာ ၇၃၃.၂ ဘီလီယံ ရှိမည်ဟု ဟောင်ကောင်ဒေသအစိုးရမှ မျှော်မှန်းထားကြောင်းနှင့် ၂၀၂၄-၂၅ ဘဏ္ဍာရေးနှစ်တွင် ဘတ်ဂျတ်လိုငွေ ဟောင်ကောင်ဒေါ်လာ  ၄၈.၁ ဘီလီယံရှိမည်ဟု ခန့်မှန်းကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် “Gov't projects $48.1b deficit for FY24-25” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ပညာရေး ကဲ့သို့သော အရေးပါသည့် ကဏ္ဍများအတွက် ဘတ်ဂျတ်ခွဲဝေမှုကို ဦးစားပေးချထားပြီး ဒေသ၏ စုစုပေါင်း ပုံမှန်အသုံးစရိတ်၏ ၅၉.၃ ရာခိုင်နှုန်း ရှိကြောင်း၊ ထို့ပြင် ကိုဗစ်-၁၉ အလွန်ကာလတွင် ပုံမှန်မဟုတ်သည့် အသုံးစရိတ် သိသိသာသာ လျော့ကျသွားရန် မျှော်လင့်သည်ဟု ဘဏ္ဍာရေးဝန်ကြီး Chan ကဘတ်ဂျတ်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

Earnings and profits tax၊ land premiums နှင့် တံဆိပ်ခေါင်းခွန်တို့မှာ ၂၀၂၃-၂၄ ခုနှစ် ပြင်ဆင်ခန့်မှန်းချက်ထက် ပိုမိုရရှိရန် မျှော်လင့်ကြောင်းနှင့် ငွေရေးကြေးရေးကဏ္ဍ၌ စိန်ခေါ်မှုများ ရှိနေချိန်တွင် ဒေသ၏ ငွေရေးကြေးရေးတည်ငြိမ်မှုကို ထိန်းသိမ်းခြင်းအား အဓိက မူဝါဒအနေဖြင့် ဆောင်ရွက်ခြင်းဖြင့် အတားအဆီးများကို ကျော်ဖြတ်သွားနိုင်မည်ဟု ယုံကြည်သည်ဟု ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ပြန်လည်ပြင်ဆင်ထားသည့် အစိုးရ အခွန်အကောက်မှာ ဟောင်ကောင်ဒေါ်လာ ၅၅၄.၆ ဘီလီယံဖြစ်ပြီး၊ မူလခန့်မှန်းချက်ထက် ၁၃.၇ ရာခိုင်နှုန်း လျှော့နည်းကြောင်း၊ အသုံးစရိတ်အနေဖြင့်လည်း ဟောင်ကောင်ဒေါ်လာ ၇၂၇.၉ ဘီလီယံ သုံးစွဲရန် ခန့်မှန်းထားသော ကြောင့် မူလခန့်မှန်းချက်ထက် ၄.၃ ရာခိုင်နှုန်း လျှော့နည်းကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါ သည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News