International News

ထိုင်းနိုင်ငံ၊ အစိုးရသစ်အနေဖြင့် ဆန်စပါးအတွက် မဟာဗျူဟာအပေါ် ပိုမိုအာရုံစိုက်စေလိုကြောင်း ဆန်စပါးတင်ပို့သူများအသင်းဥက္ကဋ္ဌက အကြံပြုပြောကြား

Last Updated:

အစိုးရသစ်အနေဖြင့် ဆန်ဈေးကွက် ပေါက်ဈေးကို အနှောင့်အယှက်ဖြစ်စေမည့် မည်သည့်ဆောင်ရွက်ချက် သို့မဟုတ် နည်းလမ်းများကိုမဆို ရှောင်ကြဉ်စေလိုပါကြောင်း၊ ဈေးကွက်ကို သဘာဝအတိုင်းသာ လည်ပတ်စေလိုကြောင်း ထိုင်းဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌ  Mr. Chookiat Ophaswongse က ပြောကြားခဲ့ပါသည်။

ပို့ကုန်လုပ်ငန်းရှင်များက အစိုးရသစ်ကို ဆန်ထုတ်လုပ်သည့် မဟာဗျူဟာများအပေါ်ကိုသာ အာရုံစိုက်စေလိုကြောင်း၊ ယခင်အစိုးရလက်ထက်က အခြေတည်ခဲ့သည့် ဆန်အမျိုးအစားသစ်များကို ဖော်ထုတ်စေလိုကြောင်း၊ ယင်းသည် ထိုင်းဆန်၏ အနာဂတ်အတွက် အရေးကြီးပါကြောင်း၊ ဖိလစ်ပိုင်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့နှင့်တွေ့ဆုံဆွေးနွေးထားချက်များအရ ၎င်းတို့သည် ဈေးနှုန်းအပေါ် လွန်စွာအလေးထားကြပါကြောင်း၊ လယ်သမားများအတွက် ကုန်ကျစရိတ်လျှော့ချနိုင်ရေး၊ စိုက်ပျိုးဧက တိုးမြှင့်နိုင်ရေးနှင့် ဈေးကွက်လိုလားချက်နှင့်ကိုက်ညီသည့် ဆန်ပျော့အမျိုးအစားများကို ဖော်ထုတ်ရေး တို့သည် အဓိက အချက်ဖြစ်ကြောင်း၊ အခြားသော ဆန်တင်ပို့သည့်နိုင်ငံများသည် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု (R&D) ကို ဆောင်ရွက်လျက်ရှိပါကြောင်း ၎င်းက ဖြည့်စွက်ပြော ကြားခဲ့ပါသည်။

ထို့ပြင် ဆည်ရေစနစ်များ၊ တူးမြောင်းများနှင့် ရေလှောင်ကန်များကိုလည်း စီစဉ်တည်ဆောက်ပေးရန် လိုအပ်ကြောင်း၊ မလေးရှားမှ လက်ကားရောင်းဝယ်သူနှင့် မကြာသေးမီက ဆွေးနွေးချက်အရ ထိုင်း Hom mali ဆန်ကို မဝယ်တော့ပါကြောင်း၊ ရာသီအစနောက်ပိုင်းတွင် ရနံ့ပျောက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ၁ နှစ်ပတ်လုံးတွင် ၁ ကြိမ်သာ စိုက်ပျိုးသောကြောင့် ဖြစ်ကြောင်း၊ ဗီယက်နမ် ရနံ့ပါဆန်သည် ၃ လ လျှင် ၁ ကြိမ် စိုက်ပျိုးသဖြင့် ဆန်ကို တစ်ဆက်တည်းရနိုင်ကြောင်း ဆက်လက်ပြော ကြားပါသည်။

ဈေးကွက်ပေါက်ဈေးကို အနှောင့်အယှက်ဖြစ်စေမည့် ဆောင်ရွက်ချက်များကို ရှောင်ရှားစေလိုပါကြောင်း၊ လယ်ယာကုန်ကျစရိတ်အတွက် အထောက်အပံ့များ၊ ရက် ၁၂၀/၁၀၀ ထက်နည်းသော စပါးမျိုးစိတ်သစ်များ ဖော်ထုတ်ခြင်း စသည့်ပုံစံမျိုးဖြင့် လယ်သမားများကို အထောက်အပံ့ပေးနိုင်ပါကြောင်း ဖြည့်စွက်ပြောကြားပါသည်။

ဈေးနှုန်းကို အမြင့်တွင်သတ်မှတ်ပေးထားခြင်းကို မဆောင်ရွက်စေလိုကြောင်း၊ ဈေးနှုန်းအာမခံချက်ကို လယ်သမားများ၏ ပါဝင်ဆောင်ရွက်မှုဖြင့် သတ်မှတ်စေလိုကြောင်း၊ ရေပြတ်လပ်မှု ပြဿနာကြောင့် အစိုနှင့်အခြောက်နည်းလမ်းများ၊ ပြန်လည်စိုက်ပျိုးရေးနည်းပညာများ၊ နည်းပညာသစ်များကို လက်ခံကျင့်သုံးကြရန် လိုအပ်ကြောင်း၊ မီးရှို့မှုကိုလည်း ရှောင်ရှားစေလိုကြောင်း၊ အစိုးရသစ်အနေဖြင့် မူဝါဒများကို ပြန်လည်ဆန်းစစ်ပြီး ၃ နှစ်အတွင်း ဝင်ငွေ ၃ ဆ တိုးစေရန် ဆောင်ရွက်စေလိုကြောင်း၊ အရှေ့မြောက်ရှိ  Hom mali စိုက်ခင်းများသည် ၁ ရိုင်လျှင် ၃၇၀ ကီလိုဂရမ်သာထွက်ရှိကြောင်း၊ အလယ်ပိုင်းဒေသတွင် ၈၀၀ ကီလိုဂရမ်သာ ထွက်ရှိကြောင်း၊ ဝင်ငွေ ၃ ဆရရှိရန် အထွက်နှုန်းကို ၃ ဆ ဖြစ်ရန်လိုကြောင်း၊ ယင်းအတွက် နည်းပညာသစ်များကို လက်ခံကျင့်သုံးရန်မှာ စိန်ခေါ်မှုဖြစ်နေပါကြောင်း ထိုင်းဖွံ့ဖြိုးတိုးတက်မှုသုတေသနအင်စတီကျု၊ ဂုဏ်ထူးဆောင်တစ်ဦး ဖြစ်သူ Mr. Nipon Puapongsakorn က ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News