International News

အခြေအနေများ မငြိမ်မသက်ဖြစ်နေဆဲဖြစ်သောကြောင့် ဂျာမန်ပြည်ပပို့ကုန်တင်ပို့မှု ဇူလိုင်လတွင် ကျဆင်းခဲ့

Last Updated:

Federal Statistical Office မှ ၄-၉-၂၀၂၃ ရက်တွင် ထုတ်ပြန်သော အချက်အလက် များအရ ဂျာမန် ပို့ကုန်တင်ပို့မှုသည် ဇူလိုင်လတွင် အနည်းငယ်ကျဆင်းခဲ့ကြောင်း သိရှိရပါသည်။

ဇူလိုင်လတွင် ပို့ကုန်တန်ဖိုးစုစုပေါင်း ယူရို ၁၃၀.၄ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၄၁ ဘီလီယံ) ရှိခဲ့ရာ ပြီးခဲ့သည့်လ ပမာဏနှင့်နှိုင်းယှဉ်ပါက ၀.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။

ဥရောပ၏ အကြီးဆုံးစီးပွားရေးဖြစ်သော ဂျာမနီတွင် ပို့ကုန်တင်ပို့မှု အားနည်းလာခြင်း သည် ပြီးခဲ့သည့်လများအတွင်းက သင့်တင့်သော တိုးတက်မှု အနည်းငယ်ရှိခဲ့သည့် အမြတ်အစွန်းများအတွက် ပြန်လည်ဆုံးရှုံးနိုင်ခြေ တိုးလာစေနိုင်ကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ကုန်သွယ်မှုသည် ဂျာမန်စီးပွားရေးအတွက်  အခိုင်အမာ တောင့်ခံပေးနိုင်သည့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ တွန်းအားတစ်ခုမဟုတ်တော့ဘဲ အဟန့်အတားတစ်ခုသာ ဖြစ်သည်ဟု ING မှ စီးပွားရေးပညာရှင် CarstenBrzeskiက ပြောကြားခဲ့သည်။

သို့သော်လည်း ဇူလိုင်လအတွက် ပို့ကုန်တင်ပို့မှုဆိုင်ရာ ကိန်းဂဏန်းများသည် ကြိုတင်ခန့်မှန်းထားသည့် ကျဆင်းနိုင်ခြေထက် ၁.၅  ရာခိုင်နှုန်းခန့် ပိုမိုကောင်းမွန်နေဆဲ ဖြစ်ပါသည်။

ရောင်းလိုအားကွင်းဆက်ပြဿနာများ၊ မခိုင်မာမရေရာသော ကမ္ဘာ့စီးပွားရေးနှင့် ဥရောပ ဗဟိုဘဏ်က သတ်မှတ်ထားသော နှုန်းထားထက် သုံးဆခန့် ပိုမိုမြင့်မားနေဆဲဖြစ်သည့် ပြည်တွင်း ငွေကြေး ဖောင်းပွမှုမြင့်မားနေခြင်းတို့ကြောင့် ဖြစ်ပေါ်လာသောအကျိုးဆက်များသည် မကြာသေးမီလများ အတွင်းက ဂျာမန်ပို့ကုန်များအပေါ် ထိခိုက်စေခဲ့ပြီးဖြစ်ပါသည်။

တစ်ချိန်တည်းတွင် သွင်းကုန်တန်ဖိုး စုစုပေါင်းယူရို ၁၁၄.၅ ဘီလီယံကို တင်သွင်းခဲ့သဖြင့် သွင်းကုန် တင်သွင်းမှုမှာ တစ်လထက်တစ်လ ၁.၄ ရာခိုင်နှုန်းခန့် ပိုမိုမြင့်တက်လာခဲ့ရာ ပြုပြင်ချိန်ညှိထားသော ကုန်သွယ်မှုပိုငွေအား ယူရို ၁၅.၉ ဘီလီယံသို့ အနည်းငယ် ကျဆင်းသွားစေခဲ့ပါသည်။

ယင်းသို့ ပို့ကုန်တင်ပို့မှုကျဆင်းသွားခြင်းမှာ ကုမ္ပဏီများအပေါ် အခက်အခဲပြဿနာများ ဖြစ်စေနိုင်သည့် ကမ္ဘာလုံးဆိုင်ရာဝယ်လိုအား အားနည်းချက် မဟုတ်ကြောင်းနှင့် ဂျာမန်ပို့ကုန် များအနေဖြင့် ကမ္ဘာ့ဈေးကွက်အတွင်း ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်း ဆုတ်ယုတ်ကျဆင်းလာမှု ဒဏ်ကိုခံစားနေရခြင်းသာဖြစ်ကြောင်း Hauck Aufhäuser Lamp Privatbank မှ စီးပွားရေး ပညာရှင် Bastian Hepperle က ပြောကြားခဲ့သည်။

 

 

Source:  https://www.dw.com/en/german-exports-fall-in-july-as-conditions-remain-volatile/a-66712104

(စီးပွားရေးသံမှူး၊ ဘာလင်မြို့)

Category: International News