Local News

ရန်ကုန်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် စားအုန်းဆီဈေးနှုန်းကျဆင်းလာ

Last Updated:

ယနေ့(စက်တင်ဘာ ၅) ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အချို့တွင် စားအုန်းဆီဈေးနှုန်းကျဆင်းလာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

ရန်ကုန်တိုင်း‌ဒေသကြီးတွင် ယနေ့(စက်တင်ဘာ ၅)တွင် စားအုန်းဆီတစ်ပိဿာ ၄၅၀၀ ကျပ်၊ (ယမန်နေ့တွင် တစ်ပိဿာ ၇၅၀၀ ကျပ်)၊ မန္တလေးတိုင်းဒေသကြီးတွင် စားအုန်းဆီတစ်ပိဿာ ၄၇၀၀ ကျပ်၊ (ယမန်နေ့တွင် တစ်ပိဿာ ၇၆၀၀ ကျပ်)၊ မကွေးတိုင်းဒေသကြီးတွင်စား အုန်းဆီတစ်ပိဿာ ၆၅၀၀ ကျပ်၊ (ယမန်နေ့တွင် တစ်ပိဿာ ၆၈၀၀ ကျပ်)၊ စစ်တွေမြို့တွင် စားအုန်းဆီတစ်ပိဿာ ၉၀၀၀ ကျပ်၊(ယမန်နေ့တွင် တစ်ပိဿာ ၉၅၀၀ ကျပ်)၊ မော်လမြိုင်မြို့တွင် စားအုန်းဆီတစ်ပိဿာ ၈၁၀၀ ကျပ်၊ (ယမန်နေ့တွင် တစ်ပိဿာ ၈၃၀၀ ကျပ်)၊ လွိုင်ကော်မြို့တွင် စားအုန်းဆီတစ်ပိဿာ ၈၄၀၀ ကျပ်၊ (ယမန်နေ့တွင် တစ်ပိဿာ ၈၅၀၀ ကျပ်) ကျပ်ဖြစ်ပြီး ကျန်မြို့နယ်များတွင် ဈေးနှုန်းမှာ ပုံမှန်အတိုင်း ရှိနေကြောင်း  သိရသည်။

ထို့ပြင် စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ယခုသီတင်းပတ်အတွက် စားသုံးဆီလက်ကားရည်ညွှန်ဈေးကို အမေရိကန်ဒေါ်လာ ပျမ်းမျှငွေလဲနှုန်း ၂၅၁၃ ကျပ်အပေါ် အခြေခံ၍  တွက်ချက်သက်မှတ်ထားခြင်းဖြစ်သည်။ စားအုန်းဆီတစ်ပိဿာအရင်းဈေး၊ စရိတ်နှင့် ထပ်ဆောင်းကုန်သွယ်ခွန်တို့ ထည့်သွင်းတွက်ချက်ထားသည့် စားသုံးဆီတစ်ပိဿာဈေးမှာ ၄၀၈၁ ကျပ်ဖြစ်ပြီး လက်ကားရည်ညွှန်းဈေးကိုမူ ၄၁၆၀ ကျပ် ကော်မတီက သတ်မှတ်ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီကုန်သည်များအသင်းမှ ကုန်သည်များနှင့် အရောင်းဆိုင်များကို လက်ကားဈေးပေါ်တွင် အသားတင်အမြတ် ၂ ရာခိုင်နှုန်း၊ အဆင့်ဆင့် လက်လွှဲရောင်းချသည့်အထိ အသားတင်အမြတ် (၁၀) ရာခိုင်နှုန်းထက် ကျော်လွန်ရောင်းချခြင်းမပြုလုပ်ရန် အသိပေးထားပြီးလက်ရှိတွင်လည်းစားသုံးဆီဈေးနှုန်း တည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားကာ ဈေးကွက်အတွင်း  ပိုမိုပျံ့နှံရောက်ရှိစေရန်၊ လက်လွှဲပြောင်းမှုအနည်းဆုံးနှင့် တိုက်ရိုက်ရောင်းချနိုင်ရန်၊ သက်သာသည့်ဈေးနှုန်းဖြင့် ဝယ်ယူရရှိနိုင်ရန် အစရှိသည်တို့ကို ဆောင်ရွက်နေကြောင်း သိရသည်။

Source: http://www.popularmyanmar.com

Category: Local News