International News

ဟောင်ကောင်ဒေသအနေဖြင့် အရှေ့အလယ်ပိုင်းမှ မိတ်ဖက်သစ်ရှာဖွေနေကြောင်း ဘဏ္ဍာရေးဝန်ကြီးပြောကြား

Last Updated:

စီးပွားရေးပြန်လည်ဦးမော့မှု အရှိန်အဟုန်ကောင်းလာစေရန် ဟောင်ကောင်ဒေသအနေဖြင့် ဈေးကွက်သစ်များ ရှာဖွေသွားရမည်ဖြစ်ကြောင်းနှင့် လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်းနှင့် အာရှဒေသမှ နိုင်ငံများနှင့် မိတ်ဖက်ဆက်ဆံရေးကို တက်တက်ကြွကြွ တည်ဆောက်လျက်ရှိကြောင်း ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် RTHK သတင်းဌာန မှ “HK explores new Middle East partnership: FS” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ကမ္ဘာ့နိုင်ငံရေးနှင့် စီးပွားရေးရာရှုပ်ထွေးမှုများကြောင့် ဟောင်ကောင်ဒေသအနေဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို အခြားဒေသများသို့ ခွဲခြားဖြန့်ကျက်လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဟောင်ကောင်ဒေသ ဘဏ္ဍာရေးဝန်ကြီးက ၎င်း၏ blog တွင် ရေးသားခဲ့ပါသည်။

ကမ္ဘာ့စီးပွားရေးအတွက် ခိုင်မာသည့် မောင်းနှင်အားနှစ်ခုဖြစ်သော အရှေ့အလယ်ပိုင်းနှင့် အာရှဒေသမှရင်းနှီးမြှုပ်နှံမှုအသစ်များ ဆွဲဆောင်နိုင်ရန် ဟောင်ကောင်ဒေသအနေဖြင့် စိတ်အားထက်သန်လျက်ရှိကြောင်း၊ ပထဝီနိုင်ငံရေးဆိုင်ရာ စိန်ခေါ်မှုများကြောင့် လွန်ခဲ့သောနှစ်များအတွင်း အရှေ့အလယ်ပိုင်းဒေသ နိုင်ငံများအနေဖြင့် ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ကျက်သင့်သည်ကို သတိမူမိခဲ့ကြကြောင်း၊ ဟောင်ကောင်ဒေသသည် တရုတ်ပြည်မ၊ အာရှဒေသနှင့် ကမ္ဘာ့အရင်းအနှီးဈေးကွက်ကို ချိတ်ဆက်ပေးသည့် ဒေသဖြစ်သောကြောင့် အရှေ့အလယ်ပိုင်းနိုင်ငံများအနေဖြင့် ရင်းနှီးမြှုပ်မှုအတွက်ရွေးချယ်ရန် အကောင်းဆုံးနေရာဖြစ်လာခဲ့ကြောင်း ဘဏ္ဍာရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

Saudi exchange-traded fund တစ်ခု ဟောင်ကောင်ဒေသ စတော့ဈေးကွက်၌ ပါဝင်လာခြင်းသည် ဟောင်ကောင်နှင့် ဆော်ဒီတို့အကြား အရင်းအနှီးစီးဆင်းမှု လမ်းကြောင်းဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ထို့ပြင်ဆော်ဒီအာရေဗျ ရင်းနှီးမြှုပ်နှံမှု အဖွဲ့အစည်းအနေဖြင့် လာမည့် သီတင်းပတ်ကုန်ပိုင်းတွင် ဟောင်ကောင်ဒေသ၌ အစည်းအဝေးတစ်ခု စီစဉ်ကျင်းပခြင်းမှာ အရှေ့အလယ်ပိုင်းဒေသနှင့် အာရှဒေသတို့အကြားချိတ်ဆက်မှုတွင် ဟောင်ကောင်ဒေသ၏အရေးပါမှုကို ညွှန်းဆိုနေကြောင်းစသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: International News