International News

အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းကို လျှော့ချရန်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားခဲ့

Last Updated:

အမေရိကန်ဗဟိုဘဏ်အနေဖြင့် အတိုးနှုန်းလျှော့ချရန်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ပြောကြားခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်းတွင် ၆-၃-၂၀၂၄ ရက်နေ့၌ “Jerome Powell Says Fed on Track to Cut Rates This Year” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ၏ ငွေကြေးဖောင်းပွမှုနှင့် အလုပ်ခေါ်ယူဆိုင်ရာ အချက်အလက်များသည် အမေ ရိကန်ဗဟိုဘဏ်၏ မျှော်မှန်းချက်နှင့် ကိုက်ညီမှုမရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဗဟိုဘဏ်အတိုးနှုန်းကို လျှော့ချနိုင်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌ Mr. Jerome Powell က ပြောကြား ခဲ့ပြီး အမေရိကန်အရာရှိများအနေဖြင့် ငွေကြေးဖောင်းပွမှု လျော့ကျမှုနှင့် ပတ်သက်၍ ပို၍ခိုင်မာသည့် အချက်အလက်များ လိုအပ်သည်ဟုဆိုကြောင်း၊ ဗဟိုဘဏ်ကမျှော်မှန်းသည့် ငွေကြေးဖောင်းပွမှုနှုန်း (၂) ရာခိုင်နှုန်းသို့ လျော့ကျသွားသည်ဟု ဗဟိုဘဏ်အရာရှိများက ယုံကြည်မှသာ အတိုးနှုန်းကို လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ စီးပွားရေးခိုင်မာလာမှုနှင့် အလုပ်သမားဈေးကွက် ကောင်းမွန်လာမှုတို့ကြောင့် အတိုးနှုန်း လျှော့ချနိုင်ရန် သတိထား၍ ချဉ်းကပ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဗဟိုဘဏ်အနေဖြင့် မူဝါဒများ တစ်ဖြည်းဖြည်း ဖြေလျော့၍ အတိုးနှုန်းမြင့်မားအောင် ဆောင်ရွက်လျက် စီးပွားရေးလုပ်ငန်းများကို ကျုံ့သွားစေရန်ဆောင်ရွက်ခြင်းနှင့် ငွေကြေးဖောင်းပွမှုနှုန်းကို သတ်မှတ်သည် (၂) ရာခိုင်နှုန်းကျော်သည်အထိ မူဝါဒကို ဖြေလျော့ပေးခြင်း စသည်တို့အကြားတွင် ချိန်ညှိရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ယခင် (၂) နှစ်အတွင်း ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှုကို လျှော့ချရန်အတွက် အတိုးနှုန်းကို တိုးမြှင့်ခဲ့သဖြင့် နှစ်ပေါင်း (၄၀) အတွင်း အတိုးနှုန်းအမြင့်ဆုံးသို့ ရောက်ရှိခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှစ၍ အမေရိကန်ဗဟိုဘဏ်အနေဖြင့် ငွေကြေးဖောင်းပွမှု တည်ငြိမ်လာခဲ့သဖြင့် ဗဟိုဘဏ်အတိုးနှုန်းကို (၅.၂၅) ရာခိုင်နှုန်းနှင့် (၅.၅) ရာခိုင်နှုန်းအကြားကို သတ်မှတ်ခဲ့ကြောင်း သိရှိရပါသည်။ ဗဟိုဘဏ်အနေဖြင့် အမေရိကန်နိုင်ငံ၏ ဘဏ်ကြီးများရှိ မတည်ရင်းနှီးငွေပမာဏတိုးမြှင့်ရန် အစီအစဉ်နှင့် ပတ်သက်၍ ပြောင်းလဲမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါအစီအစဉ်နှင့် ပတ်သက်၍ ဘဏ်လုပ်ငန်းရှင်များက ပို၍တိကျသည့် လိုအပ်ချက်များမလိုအပ်ဘဲ ယခင်အစီအစဉ်ကို ဖျက်သိမ်း၍ အစီအစဉ်သစ်ကို စတင်ရန်လိုအပ်ကြောင်း ဖော်ပြထားသည်ကို သိရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: International News