International News

ဆန်တင်သွင်းမှုဆိုင်ရာအကောက်ခွန်နှုန်းအားယာယီလျော့ချပေးမည့်အစီအစဉ်ကို ဆန်တောင်သူများအသင်းမှငြင်းဆိုကန့်ကွက်

Last Updated:

ဖိလစ်ပိုင်အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင်အဖွဲ့ (Philippines National Economic Development Authority-NEDA) နှင့် အချို့သောစီးပွားရေးအုပ်စုများမှ အဆိုပြုတောင်းဆိုသည့် ဆန်တင်သွင်းမှုဆိုင်ရာအကောက်ခွန်နှုန်း လျှော့ချပေးမည့်အစီအစဉ်သည် ဆန်တောင်သူအုပ်စုများ အတွက်ဝင်ငွေဆုံးရှုံးမှုများ ဖြစ်ပေါ်စေသဖြင့်အဆိုပါအစီအစဉ်အား ကန့်ကွက်ကြောင်းလွတ်လပ်သော တောင်သူလယ်သမာများဖယ်ဒရေးရှင်း (Federation of Free Farmers-FFF)မှ ၆-၉-၂၀၂၃ ရက်နေ့က ပြောကြားခဲ့ပါသည်။

လက်ရှိကောက်ခံနေသည့် အကောက်ခွန်နှုန်း ၃၅ % မှ ၁၀% ထိ လျှော့ချသွားရန် အဆိုပြုထား ခြင်းကြောင့် ဆန်တင်သွင်းမှုအတွက် ကုန်ကျစရိတ်များကျဆင်းသွားနိုင်ပြီး ဆန်တင်သွင်းမှုတိုးလာနိုင်သဖြင့် ပြည်တွင်းဆန်လက်ကျန်တိုးမြင့်စေနိုင်သည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ သို့သော် အခြားတစ်ဖက်တွင်လည်း တောင်သူများထံမှ ဝယ်ယူရသည့် စပါး (မကြိတ်ခွဲရသေးသည့်ဆန်) ဈေးနှုန်းမှာ တစ်ကီလိုလျှင် ၆ ပီဆိုဖြင့် ဝယ်ယူသွားမည်ဖြစ်သောကြောင့် ဆန်တောင်သူများအတွက် များစွာနစ်နာ မှုရှိစေပြီး ဆန်တောင်သူများအနေဖြင့် တစ်နှစ်လျှင်ပီဆို-၁၂၀ ဘီလီယံခန့်ထိ ဝင်ငွေလျော့ကျသွားနိုင် မည် ဖြစ်ပါသည်။

အစိုးရအနေဖြင့် ဆန်တင်သွင်းမှုဆိုင်ရာ ယာယီအကောက်ခွန်နှုန်းလျှော့ချပေးမည့် အစီအစဉ် အားတွက်ချက်စဉ်းစားလျက်ရှိပါကြောင်း၊ ဆန်တင်သွင်းသူများမှာ ၎င်းတို့တင်သွင်းမှုများအတွက် ပေးသွင်းရမည့်သွင်းကုန်ခွန်၏ ပျမ်းမျှ ၂၂% ခန့်အား လျော့နည်းတွက်ချက်လေ့ရှိပြီး စုစုပေါင်းပေးသွင်း ရမည့် အသားတင်တန်ဖိုး၏ ၁၀% ခန့်သာပေးသွင်းကြကြောင်း ၅-၉-၂၀၂၃ ရက်နေ့က လူမှုစီးပွားရေးဆိုင်ရာဝန်ကြီးမှ ပြောကြားသွားခဲ့ပါသည်။

ထိုသို့အခွန်နှုန်းလျှော့ချလိုက်ခြင်းကြောင့် စားသုံးသူများအနေဖြင့် ဆန်ဈေးနှုန်း လျော့နည်းပြီး ဝယ်ယူစားသုံးနိုင်မည်ဟု မထင်မြင်မိကြောင်း၊ ၂၀၂၁ ခုနှစ်က အာဆီယံအဖွဲ့ဝင်မဟုတ်သောနိုင်ငံများထံမှ ဆန်တင်သွင်းမှုအတွက် အစိုးရမှ အခွန်နှုန်းထားအား ၅၀% မှ ၃၅% ထိလျှော့ချပေးခဲ့သော်လည်း ဆန်ဈေးနှုန်းမှာ လျော့ကျခဲ့ခြင်းမရှိပဲ ဆက်တိုက်ဈေးမြင့်တက်နေခဲ့ပါကြောင်း၊ အခွန်နှုန်းလျှော့ချပေး ခြင်းသည် ဆန်တင်သွင်းသူနှင့် ဆန်ကုန်သည်များအတွက်သာ အကျိုးရှိစေပြီး စားသုံးသူနှင့် တောင်သူ လယ်သမားများ၏ စိုက်ပျိုးကုန်ကျစရိတ်အား မကာမိစေပါကြောင်း ဖော်ပြထားရှိပါသည်။

Republic Act 11203 အရ ဆန်တင်သွင်း၊ တင်ပို့ခြင်းဆိုင်ရာ ဖြေလျှော့ပေးမှုများဆောင်ရွက် ပေးရမည်ဖြစ်သော်လည်းဆန်တင်သွင်းမှုအတွက်ကိုမူအခွန်ကောက်ခံသွားရန်ဖြစ်ပါကြောင်း၊ ကောက် ခံရရှိသည့်အခွန်များအား RCEFသို့ ထည့်ဝင်သွားရန်ဖြစ်ပြီး ၂၀၁၉ မှ ၂၀၂၄ ခုနှစ်ထိ ဆန်တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်သည့်လုပ်ငန်းများအား ခေတ်မှီနည်းစနစ်များ အသုံးပြုနိုင်ရေးအတွက် ထောက်ပံ့ပေးသွားရန်အတွက်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရေးဝန်ကြီးအဖြစ်တွဲဖက်တာဝန် ထမ်းဆောင်နေသူသမ္မတအနေဖြင့် အခွန်နှုန်းလျှော့ချပေးမည့်အစီအစဉ်ထက်ယခင်ပြဋ္ဌာန်းချက်များပါ အားနည်းချက်များကြောင့် စိုက်ပျိုးရေးကဏ္ဍနှင့် အချို့သောတောင်သူလယ်သမားအုပ်စုအပေါ် ထိခိုက်မှုရှိစေသည့် Republic Act 11203 ပါ အစိတ်အပိုင်းအချို့အား ပြင်ဆင်သွားရန်သာ ဦးစားပေးဆောင်ရွက်သင့်ကြောင်း မွန်တဲ မြို့တော်ဝန်မှ ပြောကြားခဲ့ပါသည်။

 

 

 

 

Source; https://www.manilatimes.net/2023/09/07/business/top-business/fff-bucks-move-to-temporarily-reduce-rice-tariffs/1908919

(ကေသွယ်ခိုင်၊စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: International News