International News

ဗီယက်နမ်နိုင်ငံမှ ထုတ်လုပ်သည့် VinFast သည် VF5 Plus ကားအစီးရေ ၆,၀၀၀ နီးပါးကို ပြန်လည်သိမ်းဆည်းမည်

Last Updated:

ဗီယက်နမ်လျှပ်စစ်ကား (EV) ထုတ်လုပ်သသည့် VinFast သည် ၂၀၂၃ ခုနှစ် မတ်လမှ ဒီဇင်ဘာလအထိထုတ်လုပ်ခဲ့သော VF5 Plus ကားအစီးရေ ၅,၉၁၂ စီး၏စတီယာရင်နားရှိ ဘယ်ဘက်လီဗာ( Left -Hand Lever ) ပေါင်းစပ်ခလုတ်အား အခမဲ့ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၆ ရက်နေ့ကကြေညာခဲ့သည်။

မော်တော်ကားထုတ်လုပ်သူ၏ အဆိုအရ တစ်နာရီလျှင် ၅၀-၅၅ ကီလိုမီတာ အမြန်နှုန်းဖြင့် မောင်းနှင်နေစဉ် ဘယ်ဘက်ကွေ့သည့်အချက်ပြကို အသုံးပြုသောအခါ VF5 Plus ကားများစွာရှိ ရှေ့မီးများ မတော်တဆ ပိတ်သွားသည်ကို တွေ့ရှိခဲ့သည်။ ၎င်းသည် ညဘက်တွင် ယာဉ်မောင်းသူ၏အမြင်နှင့် မြင်နိုင်စွမ်းကို လျှော့ချနိုင်ကြောင်း ဖော်ပြထားသည်။

ယခုကဲ့သို့ ဖြစ်ပွားရခြင်းမှာ အစိတ်အပိုင်းတင်သွင်းသူ၏ လျှပ်စစ်ပတ်လမ်း ဒီဇိုင်းကြောင့် ဖြစ်ရခြင်းဖြစ်ကြောင်း၊ ယခုအမှားအယွင်းအတွက် ရောင်းချသောယူနစ်ကို မှတ်တမ်းတင်ထားခဲ့သော်လည်း မည်သည့်အဖြစ်အပျက်မှ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်မှစတင်၍ ဝယ်ယူသူများအနေဖြင့် ၎င်းတို့၏ယာဉ်များကို VinFast အရောင်းပြခန်းများနှင့် ဝန်ဆောင်မှုစင်တာများသို့ စစ်ဆေးခြင်းနှင့် ခလုတ်ကို အစားထိုးလဲလှယ်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

VinFast သည် Q4/2023 တွင် လျှပ်စစ်ကားအစီးရေ ၁၃,၅၁၃ စီး တင်ပို့ခဲ့ပြီး ယခင် သုံးလပတ်ထက် ၃၅ ရာခိုင်နှုန်း တိုးတက်လာကြောင်း၊ ယခုနှစ်တွင် စုစုပေါင်းရောင်းချရမှု အစီးရေ ၃၅,၀၀၀ နီးပါးအထိ တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိစာရင်းများအရ ကမ္ဘာတစ်ဝှမ်းတွင် VinFast အရောင်းပြခန်းများအပါအဝင် EV ကားများအတွက် အရောင်းပြခန်း ၁၂၆ ခန်းရှိကြောင်း ဖော်ပြထားသည်။

 

Source: Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News