International News

ဗီယက်နမ်နိုင်ငံ နှစ်သစ်ကူး (တက်) ကာလအတွင်း Mong Cai နယ်စပ်ဂိတ် ကုန်သွယ်မှုခေတ္တရပ်ဆိုင်း

Last Updated:

Mong Cai အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်သည် ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၇ ရက်နေ့အထိ နှစ်သစ်ကူးအားလပ်ရက်အတွင်း နယ်စပ်ကုန်သွယ်မှုကို ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း Mong Cai အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်စီမံခန့်ခွဲရေးဘုတ်အဖွဲ့ အကြီးအကဲ Tran Bich Ngoc ကပြောကြားကြောင်း The Sigon Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

တရုတ်နိုင်ငံသည် မတ်လ ၁၂ ရက်မှစ၍ Dong Xing အပြည်ပြည်ဆိုင်ရာဂိတ်မှတစ်ဆင့် တင်သွင်းလာသော ကုန်ပစ္စည်းများအတွက် အကောက်ခွန်ရှင်းလင်းရေး ပြန်လည်စတင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ အဓိကအားဖြင့် အေးခဲထားသော ကုန်ပစ္စည်းများနှင့် ဗီယက်နမ်မှ ယာယီတင်သွင်းသည့် ကုန်ပစ္စည်းများကို ပြန်လည်တင်ပို့ရန်အတွက် အဓိကထား ဆောင်ရွက်မည်ဖြစ်သည်။

နှစ်နိုင်ငံစလုံးသည် အားလပ်ရက်ကာလအတွင်း လူဝင်မှုကြီးကြပ်ရေး ဝန်ဆောင်မှုများကို ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်သည်။

ဇန်နဝါရီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ ကုန်သွယ်မှုစာရင်းများအရ Mong Cai နယ်စပ်ဂိတ်မှ ကုန်စည်တန်ချိန် ၁၃၂,၉၀၀ ကျော် ဖြတ်သန်းခဲ့ပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၉ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း‌ ဖော်ပြထားပါသည်။

၂၀၂၄ နှစ်စမှ ဖေဖော်ဝါရီလ ၄ ရက်နေ့အထိ နယ်စပ်ဖြတ်ကျော်သူပေါင်း ၆၈၂,၀၀၀ ခန့်ရှိပြီး၊ နိုင်ငံထဲသို့ ဝင်ရောက်လာသူပေါင်း ၃၃၇,၄၀၀ ဝန်းကျင်ရှိကြောင်း ဖော်ပြထားပါသည်။ Mong Cai နယ်စပ်ဂိတ်အနီးရှိ ဒေသတွင်း သိသာထင်ရှားသော စီးပွားရေး၊ ကုန်သွယ်မှုနှင့် ခရီးသွားလာမှုပမာဏကို သိရှိနိုင်ရန် လေ့လာတင်ပြရပါသည်။

 

 

Source: The Sigon Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News