International News

တောင်ကိုရီးယားနိုင်ငံ၏ အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် ကိုက်ညီမှုရှိစေရေး ဆောင်ရွက်ရန် ပို့ကုန်လုပ်ငန်းရှင်များအား ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနမှ တိုက်တွန်းပြောကြား

Last Updated:

ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့နေသည့် အစားအသောက်ကုန်ပစ္စည်းများ  အား တောင်ကိုရီးယားနိုင်ငံမှ ဆက်လက်လက်ခံစေရန်အတွက် ပို့ကုန်လုပ်ငန်းရှင်များအနေ ဖြင့် သတ်မှတ်ထားသည့် အစားအသောက် ဘေးကင်းလုံခြုံစိတ်ချရမှု စည်းမျဉ်း၊ စည်းကမ်း၊ ဥပဒေများနှင့်အညီ လိုက်နာသွားရန် ဖိလစ်ပိုင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်အောက်ခံ Export Marketing Bureau မှ ပို့ကုန်လုပ်ငန်းရှင်များအား တိုက်တွန်းပြောကြားခဲ့ပါသည်။

တောင်ကိုရီးယားနိုင်ငံ၊ Ministry of Food and Drug Safety (MFDS) မှ ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် (၂၀၂၄-၂၆) အရ ပြင်ဆင်ထားသော Regulations on Declaration and Inspection of imported Food  သည် ၁၄-၆-၂၀၂၄ ရက်နေ့မှစ၍ အာဏာသက်ဝင်မည်ဖြစ်ပါသည်။

ပြင်ဆင်ချက်သည် သွင်းကုန်တင်သွင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် သက်ဆိုင်နေပြီး ပင်လယ်စာများ (excluding aquatic products) မှအပ ကုန်ကြမ်းပစ္စည်းများအတွက် ချဲ့ထွင်သတ်မှတ်လိုက်ခြင်း ဖြစ်ပါကြောင်းနှင့် မှတ်ပုံတင်ထားသည့် အစားအစာထုတ်လုပ်သည့် လုပ်ငန်းများ (Production, Processing, additive manufacturing) တို့အတွက် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။ အထူးသဖြင့် တရုတ်နိုင်ငံမှ တင်သွင်းသည့် ကုန်ပစ္စည်းများ ဖြစ်သည့် soybeans, millet, red beans, persimmons, burdock, pumkins တို့အတွက် နမူနာတင်ပို့လာသည့်ထဲမှ Ramdom ကောက်ယူ၍ စစ်ဆေးမှုအား ပြင်းပြင်းထန်ထန် ပြုလုပ် သွားမည်၊ တနည်းအားဖြင့် စစ်ဆေးမှုအရှိန် တိုးမြှင့်သွားမည်ကို ပြင်ဆင်သည့် အမိန့်ကြော်ငြာ စာတွင် အလေးပေးဖော်ပြထားကြောင်းသိရှိပါသည်။

ထို့ပြင် တင်သွင်းသည့် အစားအသောက် ကုန်ပစ္စည်းများတွင် ဓာတုဗေဒဆေးဝါးနှင့် ပိုးသတ် ဆေးအကြွင်းအကျန်များ ပါဝင်နေမှုရှိ/မရှိ စမ်းသပ်စစ်ဆေးခြင်းကို အသေးစိတ် စစ်ဆေးသွားခြင်း၊ ကုန်ပစ္စည်းသက်တမ်းကုန်ဆုံးမည့်ရက်အား ဖော်ပြထားခြင်းရှိ/ မရှိနှင့် ဖော်ပြရမည့် Label System သည် ပြင်ဆင်ထားသည့် စံသတ်မှတ်ချက်/စနစ်နှင့် ကိုက်ညီမှု ရှိ/မရှိ တို့ကိုလည်း စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

ထုတ်လုပ်မှုအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းခြင်း တို့အတွက် “Planned import applications”  လုပ်ငန်းစဉ်ဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်း များကိုလည်း ပြင်ဆင်ခဲ့ပြီး လျှောက်ထားသူများအနေဖြင့်လည်း Ministry of Food and Drug Safety (MFDS) ၏  အသိအမှတ်ပြု နိုင်ငံခြားဓာတ်ခွဲခန်းများမှ Test Report များကို တင်ပြသွားရန် လိုအပ်ပါကြောင်း ဖော်ပြပါရှိပါသည်။

သို့ဖြစ်ပါ၍ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ဖိလစ်ပိုင်နိုင်ငံထွက် ကုန်ပစ္စည်းတင်သွင်းမှု များအား တောင်ကိုရီးယားနိုင်ငံမှ ဆက်လက်လက်ခံနိုင်စေရန် ပြင်ဆင်သတ်မှတ်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညီညွတ်မှုရှိစေရန် လိုအပ်ပါကြောင်း Export Marketing Bureau  မှ တိုက်တွန်းပြောကြားခဲ့ပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ ပို့ကုန်တင်ပို့မှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃.၅၃ ဘီလီယံထိ ရှိခဲ့ပြီး ဖိလစ်ပိုင်နိုင်ငံ၏ ထိပ်တန်းပို့ကုန်နိုင်ငံများ စာရင်းတွင် ပဉ္စမနေရာ၌ ရပ်တည်ခဲ့ပါကြောင်း ဖိလစ်ပိုင် စာရင်းအင်းအာဏာပိုင်အဖွဲ့က ထုတ်ပြန်သည့် ကိန်းဂဏန်း အချက်အလက်များအရ သိရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံမှ တောင်ကိုရီးယားနိုင်ငံသို့ အဓိက တင်ပို့နေသည့် ကုန်ပစ္စည်းများမှာ electronics, fresh bananas, ignition wiring sets, electronic equipment and parts, cathodes and section of cathodes of refined copper, pineapple and its products, copper concentrates တို့ဖြစ်ကြောင်း လေ့လာတင်ပြအပ်ပါသည်။

 

 

Source: https://businessmirror.com.ph/2024/07/08/dti-tells-exporters-comply-with-sokor-food-safety-rules/

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News