International News

(၆၈) ကြိမ် မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲသို့ လာရောက်ကြည့်ရှုသူ ၃၀,၀၀၀ ဦးခန့် ရှိနိုင် ကြောင်း ထိုင်းနိုင်ငံ အပြည်ပြည် ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန (Department of Interna-tional Trade Promotion (DITP)) ခန့်မှန်းထား

Last Updated:

၆၈ ကြိမ်မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) ကျင်းပလျက်ရှိပါကြောင်း၊ ယင်းပြပွဲသို့ ရောင်းသူ/ ဝယ်သူနှင့် ဧည့်သည် ၃၀,၀၀၀ ဦးရေခန့် လာရောက်မည်ဟု ခန့်မှန်းထားကြောင်း၊ ကုန်သွယ်မှု တန်ဖိုး ဘတ် ၃ ဘီလီယံ ကျော် ရရှိနိုင်မည်ဟု မျှော်လင့်ရကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဖြစ်သူ Mr. Phusit Ratanakul Sereroengrit က ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့ ဖွင့်ပွဲ မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

ယင်းပြပွဲကို အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ Gem and Jewelry Institute of Thailand (GIT) နှင့် အစိုးရနှင့် ပုဂ္ဂလိက ကုန်သွယ်ရေးအဖွဲ့အစည်းတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတကာကုန်စည်ပြပွဲဖြစ်ပါကြောင်း၊ နှစ် ၄၀ ပြည့်မြောက်ပြီ ဖြစ်ပါ ကြောင်း၊ ခန်းမ ၁ မှ ၈ အထိရှိပြီး ကုမ္ပဏီ ၁,၁၀၀ တို့မှ ပြခန်း ၂,၄၀၀ ဖြင့် ပြသလျက်ရှိကြောင်း ဖြည့်စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံ၏ အားသာချက်များဖြစ်သော ကျောက်မျက်ရတနာများ ကုန်သွယ်ရာဗဟိုချက်ဖြစ်ခြင်း၊ အရောင်အသွေးစုံကျောက်မျက်ရတနာများ၏ အရည်အသွေးကို မြင့်တက်စေရာတွင် ကျွမ်းကျင်မှုနှင့် လက်မှုပညာတွင် နိုင်ငံတကာမှ အသိအမှတ်ပြုခြင်းတို့ကြောင့် ကျောက်မျက်ရတနာ နယ် ပယ်တွင် အောင်မြင်ရခြင်းဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ကျောက်မျက်ရတနာ သည် နိုင်ငံ၏ အဆင့် ၉ ရှိသော ပို့ကုန်အမယ်ဖြစ်ကြောင်း၊ အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော် ဝင်ငွေရရှိခဲ့ကြောင်း၊ ယခုနှစ် တွင် ၁၀ ရာခိုင်နှုန်း တိုးတက်ရရှိရန် ခန့်မှန်းထားကြောင်း၊ ဧည့်သည်များ အနေဖြင့် ထိုင်းအပါအဝင် နိုင်ငံတကာမှ ခင်းကျင်းပြသလျက်ရှိသည့် ပစ္စည်းများကို လေ့လာနိုင်မည်ဖြစ်ကြောင်း Mr. Phusit က ပြောကြားခဲ့ပါသည်။         

ပြပွဲသို့ မြန်မာနိုင်ငံမှ ကျောက်မျက်ရတနာကုမ္ပဏီများလည်း ပါဝင်ပြသလျက်ရှိရာ ယခင်ပြပွဲများတွင် ဝယ်ယူကြည့်ရှုများအနေဖြင့်လည်း လာရောက်ကြည့်ရှုနိုင်ခြင်း၊ မိတ်ဖက်အသစ်များလည်း လာရောက်ကြည့်ရှုနိုင်ခြင်းအပြင် နိုင်ငံတကာမှ ကျောက်မျက်ကုမ္ပဏီများ လာရောက်ပြသကြသဖြင့် ခေတ်နှင့်အညီ ပြောင်းလဲလျက်ရှိသည့် ဖက်ရှင်ဒီဇိုင်းများကိုလည်း လေ့လာနိုင်ကြောင်း သုံးသပ်ရပါသည်။

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News