International News

ထိုင်းပို့ကုန်လုပ်ငန်းရှင်များကောင်စီ (Thai National Shippers’ Council) က ထိုင်းနိုင်ငံ၏ ယခုနှစ် ပို့ကုန်အခြေအနေအပေါ် လျော့နည်းခန့်မှန်း

Last Updated:

တရုတ်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂအပါအဝင် ကမ္ဘာနှင့်အဝှမ်း စီပွားရေး နှေးကွေးနေမှုနှင့် ဝယ်လိုအားအပေါ် အခြေပြု၍ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်အပေါ် ၁ ရာခိုင်နှုန်း ကျုံ့နိုင်သည်ဟု လျော့နည်းခန့်မှန်းထားကြောင်း၊ ပို့ကုန်မြှင့်တင်နိုင်ရေး ဆောင်ရွက်နေသော်ငြားလည်း ယခုနှစ်အတွင်း ယခင်နှစ်ခန့်မှန်းထားချက်ကဲ့သို့ ပြည့်မီရန် မလွယ်ကူကြောင်း ထိုင်းပို့ကုန်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့ပါသည်။

အတိုးနှုန်းကြီးမြင့်လာမှု၊ ကုန်သွယ်ဖက်နိုင်ငံများ၏ စီးပွားရေးပြန်လည်ကောင်းမွန်မှု နှေးကွေးလာခြင်းသည် ကုန်စည်နှင့်ဝန်ဆောင်မှုများအပေါ် ဝယ်လိုအား လျော့နည်းလာပါကြောင်း၊ ကုန်ကြမ်း ဈေးနှုန်းများ မြင့်တက်လာမှု၊ အထူးသဖြင့် ဆီဈေးနှုန်းမြင့်တက်လာခြင်းကြောင့် စက်ရုံများတွင် ထုတ်လုပ်မှု ကုန်ကျစရိတ်များ မြင့်တက်လာပါကြောင်း၊ ရာသီဥတုပုံစံများ ပြောင်းလဲမှုကြောင့် လယ်ယာထုတ်ကုန်များနှင့် သယ်ယူပို့ဆောင်ရေးတို့တွင် သက်ရောက်မှုရှိပါကြောင်း ၎င်းက ဆက်လက်ပြောကြားပါသည်။

အစိုးရသစ်အနေဖြင့် ကုန်ကျစရိတ်လျော့ကျစေခြင်း၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်းနှင့် ကုန်သွယ်ရေးဆိုင်ရာ အခွင့်အလမ်းများကို ဖော်ဆောင်ပေးခြင်းဖြင့် နိုင်ငံတကာကုန်သွယ်မှုတွင် ယှဉ်ပြိုင် စွမ်းအားကို တိုးမြင့်စေရေးအပေါ် ဦးစားပေးဆောင်ရွက်စေလိုကြောင်း Mr. Chaichan က အကြံပြု ပြောကြားခဲ့ပါသည်။

 

 

Source: www.bangkokpost. gov၊

( စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News