International News

အပူလှိုင်းများကြောင့် ထိုင်းနိုင်ငံထုတ် လေအေးပေးစက် အစိတ်အပိုင်းများကို အမေရိကန်နိုင်ငံမှ ဝယ်လိုအား မြင့်တက်နေဆဲဖြစ်

Last Updated:

အပူလှိုင်းများ မြင့်တက်လာမှုကြောင့် ထိုင်းနိုင်ငံထုတ် လေအေးစက် အစိတ်အပိုင်းများကို အမေရိကန်နိုင်ငံ၏ ဝယ်လိုအား မြင့်တက်လာလျက်ရှိကြောင်း ထိုင်းနိုင်ငံ၊ ပြည်ပကုန်သွယ်ရေးဦးစီးဌာန Mr. Ronnarong Phoolpipar က ပြောကြားခဲ့ပါသည်။

အမေရိကန်သို့ တင်ပို့လျက်ရှိသည့် ပို့ကုန်များအနက် လေအေးစက် အစိတ်အပိုင်းများသည် Generalized System of Preferences (GPS) ခံစားခွင့် အများဆုံးရရှိသည့် ပစ္စည်းအမျိုးအစားတွင် ပါဝင်ပါကြောင်း၊ ၂၀၂၃ ခုနှစ် ပထမ ၃ လပတ်တွင် GPS ခံစားခဲ့မှုသည် အမေရိကန်ဒေါ်လာ ၈၁၉ သန်း ဖြစ်ကြောင်း၊  ထိုင်းနိုင်ငံ၏ ပို့ကုန်များအပေါ် GPS ခံစားခွင့်ပေးအပ်သည့် နိုင်ငံများတွင် အမေရိကန်သည် ပထမ၊ ဆွစ်ဇာလန်သည် ဒုတိယ၊ နော်ဝေသည် တတိယနှင့် Commonwealth of Indepen-dence States (CIS) သည် စတုတ္ထဖြစ်ကြောင်း ပြည်ပကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များကို ကိုးကား၍ ၎င်းက  ဆက်လက်ပြောကြားပါသည်။

ထို့ပြင် အမေရိကန်သည် GPS  အစီအစဉ်အောက်တွင် ထိုင်းနိုင်ငံမှ တင်ပို့သည့် အရသာမှုန့်၊ မှန်ဘီလူးများ၊ Citric Acid၊ ရာဘာလက်အိတ်များ၊ ခရီးဆောင်အိတ်ကြီးများ၊ အိတ်များ၊ Copper tube များ အပါအဝင် အမျိုးအစား ၂,၆၀၀ အပေါ်သွင်းကုန်အခွန်ကင်းလွတ်ခွင့်(သုညရာခိုင်နှုန်း)ပေးထားပါကြောင်း၊ GPS အစီအစဉ်သည် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးသွားပြီဖြစ်သော်လည်း အသစ်ပြန်လည်စတင်ရန် ဆောင်ရွက်ဆဲဖြစ်ကြောင်း၊ ယင်းကာလအတွင်း ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အစီအစဉ်ပြန်လည်အသက်ဝင်သည့်အချိန်အထိ ပုံမှန်နှုန်းဖြင့် အခွန်ပေးဆောင်နေရပါကြောင်း၊ အဆိုပါအစီအစဉ် ပြန်လည်စတင်ပါက ပေးဆောင်ထားသည့် အခွန်များကို အမေရိကန်အစိုးရက ပြန်လည် ထုတ်ပေးမည်ဖြစ်ကြောင်း Mr. Ronnarong ၏ ပြောကြားချက်အရ သိရှိရပါသည်။

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Source: www.bangkokpost.gov   

Category: International News