International News

ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Mr. Srettha Thavisin က အခိုင်အမာပြောကြား

Last Updated:

ထိုင်းနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လာစေရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဈေးကွက်ဝင်ရောက်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများတွင် လုပ်ထုံးလုပ်နည်းများကို လျှော့ချစေခြင်းဖြင့် ရင်းနှီးမြှုပ်နှံသူများအကြား ယုံကြည်မှုတည်ဆောက်ရန် လိုအပ်ကြောင်း ၂၀၂၄ ခုနှစ် ထိုင်း နိုင်ငံ၏ စီးပွားရေးအလားအလာ ဟောပြောပွဲတွင် ဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြား ခဲ့ပါသည်။

Telsa၊ Google နှင့် Microsoft တို့သည် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု မူများအတိုင်း နိုင်ငံများစွာ တွင် ရင်းနှီးမြှုပ်နှံကြပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အဆိုပါ မူများအတိုင်း လိုက်နာဆောင်ရွက်သင့်ပါကြောင်း၊ သံတမန်ပိုင်းတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုတွင် တံခါးဖွင့်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံခြားရေးဝန်ကြီးဌာနသည်လည်း အရောင်းဝန်ထမ်း (Salesman) သို့မဟုတ် ကြားခံတစ်ခုအနေဖြင့် တာဝန်ယူဆောင်ရွက်သင့်ပါကြောင်း ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားခဲ့ပါသည်။

ထိုင်းနိုင်ငံကို နိုင်ငံခြားကုမ္ပဏီများအတွက် အချက်အချာဖြစ်စေလိုကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် မက်လုံးများနှင့် ခံစားခွင့်များပြသနိုင်သည့် Roadshow များ ကျင်းပရန် တိုက်တွန်းပါကြောင်း ထိုင်းစတော့ခ်အိတ်ချိန်းနှင့် တွေ့ဆုံပွဲတွင် ပြော ကြားခဲ့ပါသည်။

 အရှေ့အလယ်ပိုင်းနှင့် အာဖရိကသို့ နိုင်ငံခြားကုန်သွယ်မှုဈေးကွက်ဖွင့်လှစ်ခြင်းဖြင့် ၄ နှစ် အတွင်း ထိုင်းလယ်သမားများ၏ ဝင်ငွေကို ၃ ဆ တိုးမြှင့်ရန် အစိုးရတွင် မူဝါဒရှိထားပါကြောင်း၊ နိုင်ငံ ၁၁၃ နိုင်ငံအပေါ်တွင် အကဲဖြတ်၍ အစီရင်ခံစာထုတ်ပြန်ထားသည့် ၂၀၂၂ ကမ္ဘာ့အစားအစာ လုံခြုံစိတ်ချမှု ညွှန်းကိန်းအရ ထိုင်းနိုင်ငံသည် အဆင့် ၆၄ ရှိပါကြောင်း၊ သားငါးကဏ္ဍတွင် နှစ်စဉ်ပို့ကုန်ဘတ် ၃၅၀ ဘီလီယံတင်ပို့ပြီး ဘတ် ၁၅၀ ဘီလီယံ တင်သွင်းပါကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြော ကြားခဲ့ပါ သည်။

နိုင်ငံ၏ စွမ်းအင်ပြောင်းလဲမှုတွင် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် နှင့် သန့်ရှင်းသော စွမ်းအင် (Clean energy) ကို သုံးစွဲရန် အားပေးလိုပါကြောင်း၊ ပြည်တွင်းခရီးသွား ကဏ္ဍနှင့်စပ်လျဉ်း၍ လာမည့်ခရီးသွားရာသီတွင် ဖျော်ဖြေရေးနေရာများ၏ ပိတ်သိမ်းချိန်ကို တိုးမြှင့် ခြင်းဖြင့် ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်သွင်းရန် အကြံပြုလိုပါကြောင်း၊ လုပ်ငန်းခွင်တွင် မမျှတမှုများ လျှော့ချရေးဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများကို ရင်းနှီးမြှုပ်နှံမှု မက်လုံးများပေးအပ်သွားမည်ဖြစ်ကြောင်း၊ လာမည့် ၃ လအတွင်း GDP ကို မြင့်တက်လာစေရေးအတွက် ရေကြီးခြင်းနှင့် မိုးခေါင်ခြင်း တို့ကို ကာကွယ်ရန် အခြေခံအဆောက်အဦဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ဝန်ကြီးချုပ် Mr. Srettha Thavisin က ပြောကြားခဲ့ပါသည်။

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News