International News

ထိုင်းနိုင်ငံအစိုးရအနေဖြင့် အဓိကထားသည့် ဈေးကွက်များတွင် ပို့ကုန်တိုးမြှင့်နိုင်ရေးအတွက် တွန်းအားပေးသင့်ကြောင်း Thai National Shippers’ Council (TNSC) က အကြံပြုထား

Last Updated:

ထိုင်းနိုင်ငံ၏ တင်ပို့နိုင်မှု ပို့ကုန်အလားအလာသည် အားနည်းနေသောကြောင့် အဓိကထား သော ဈေးကွက်များတွင် ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းစဉ်များကို အရှိန်မြှင့်တင်ရန်၊ e-commerce လမ်း ကြောင်းဖြင့် ပို့ကုန်များကို လွယ်ကူချောမွေ့စေရန်၊ ထိုင်းနိုင်ငံ၏ ပျော့ပျောင်းသော စွမ်းအား (Soft power) ကို တိုးမြှင့်ရန်နှင့် လွတ်လပ်သော ကုန်သွယ်ရေး ညှိနှိုင်းမှုများနှင့် စီးပွားရေး ပူးပေါင်းဆောင် ရွက်မှု စာချုပ်များ အမြန်ဆောင်ရွက်သွားရန် Thai National Shippers’ Council (TNSC) ၏ ဥက္ကဋ္ဌ ဖြစ်သူ Mr. Chaichan Chareonsuk က ထိုင်းနိုင်ငံအစိုးရအား အကြံပြု တိုက်တွန်းထားပါသည်။

အဓိက ကုန်သွယ်ဖက်နိုင်ငံများဖြစ်သော ဥရောပနှင့် တရုတ်အပါအဝင် ကမ္ဘာ့စီးပွားရေးနှေး ကွေးနေမှု၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်များအဆင့်နိမ့်ပါးလာမှု၊ ဆီဈေးနှုန်းမြင့်တက်မှုအပါအဝင် ကုန်ကြမ်း ကုန်ကျစရိတ်များ မြင့်တက်လာမှု၊ မခန့်မှန်းနိုင်သော ရာသီဥတုဖြစ်စဉ်များကြောင့် ထုတ်လုပ်မှုကို သက်ရောက်နိုင်ပြီး စိုက်ပျိုးရေးနှင့် အစားအစာထုတ်ကုန်ဈေးနှုန်းများ မြင့်တက်လာမှုတို့သည် ပို့ကုန်ကဏ္ဍတွင် ကြုံတွေ့နေရသော အခက်အခဲများဖြစ်ပါကြောင်း ကောင်စီဥက္ကဋ္ဌက ဖြည့်စွက်ပြောကြား ခဲ့ပါသည်။

ယခင်နှစ်ပို့ကုန်ပမာဏအတိုင်း ပြည့်မီရန် သို့မဟုတ် ယခုနှစ်အတွင်း တစ်ပြေးတည်းဖြစ်ရန်မှာ ကျန် ၄ လအတွင်း ပို့ကုန်တန်ဖိုးသည် ပျှမ်းမျှ ၁ လလျှင် အမေရိကန်ဒေါ်လာ ၂၅ ဘီလီယံဖြစ်ရန် လိုအပ် ပါကြောင်း၊ (-) ၁ ရာခိုင်နှုန်း ကျဆင်းသည်ဆိုပါက အမေရိကန်ဒေါ်လာ ၂၄.၂ ဘီလီယံ၊ (-) ၁.၅ ရာခိုင် နှုန်း ကျဆင်းသည်ဆိုပါက အမေရိကန်ဒေါ်လာ ၂၃.၈ ဘီလီယံ စသည်ဖြင့် အသီးသီးလိုအပ်ပါကြောင်း ၎င်းက သုံးသပ်ထားပါသည်။

ကမ္ဘာ့ဝယ်လိုအား အားနည်းနေခြင်းကို ကိုးကား၍ ပို့ကုန်ကို ၁.၅ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းလျော့နည်း ခန့်မှန်းထားခဲ့သော်လည်း ဩဂုတ်လအတွင်း ကမ္ဘာ့ထုတ်လုပ်မှုကဏ္ဍတိုးတက်လာမှု၊ စားသုံးသူများ၏ သုံးစွဲမှုသည် အတက်ဖက်သို့ ဦးတည်လာမှုနှင့် ကုန်သွယ်ရေးမိတ်ဖက်များအကြား ဝန်ဆောင်မှုကဏ္ဍများ ချဲ့ထွင်လာမှုတို့ကြောင့် ပို့ကုန်သည် တိုးတက်မှုဖက်သို့ ပြန်လည်ဦးတည်လာခဲ့ ပါကြောင်း Mr. Chaichan Chareonsuk က ရှင်းလင်းပြောကြားခဲ့ပါသည်။

 

 

 

 

 

Source: www.bangkokpost. gov

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News