အမေရိကန်နိုင်ငံမှ တင်သွင်းသော ပဲပုပ်များတွင် ergot နှင့် seed coating agent တို့ကို စစ်ဆေးတွေ့ရှိပြီးနောက် တရုတ်နိုင်ငံ၏ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)သည် အမေရိကန်ကုမ္ပဏီ (၃)ခုမှ ပဲပုပ်တင်သွင်းမှုကို ရပ်ဆိုင်းလိုက်ကြောင်း ၄-၃-၂၀၂၅ ရက်နေ့တွင် ကြေညာခဲ့သည်ဟု သိရှိရပါသည်။
အမေရိကန်ကုမ္ပဏီ(၃)ခုဖြစ်သည့် CHS Inc.၊ Louis Dreyfus Company Grains Merchandising LLC နှင့် EGT, LLC တို့၏ ပဲပုပ်တင်သွင်းမှုကို မတ်လ (၄)ရက်မှစတင်၍ ရပ်ဆိုင်း မည်ဟု GACC မှ ထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။
ထိုသို့ဆောင်ရွက်ခြင်းသည် တရုတ်စားသုံးသူများ၏ ကျန်းမာရေးကို ကာကွယ်ရန်နှင့် တင်သွင်းသည့် ကောက်ပဲသီးနှံများ ဘေးကင်းစေရန်အတွက် ရည်ရွယ်ပြီး ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ သက်ဆိုင်ရာ စည်းမျဉ်းများ၊ တရုတ်နိုင်ငံ၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။
Source: https://english.news.cn/20250304/e6d7764c83dd419cb7fdb38ce78e07aa/c.html
(စီးပွားရေးသံမှူး၊ နန်နင်းမြို့)